ဓမ္မအမှုတော်ဆောင်များဌာန

(သဘာပတိ – Rev. မိုက်ဇုံကျဲအို၊   တာဝန်ခံ – Rev. Dr. စောအယ်သော၊ တွဲဖက်တာဝန်ခံ – ဆရာဗင်ဒေါ့လျန်)

                                        

  သဘာပတိ – Rev. မိုက်ဇုံကျဲအို                                                                  တာဝန်ခံ – Rev. Dr. စောအယ်သော

 

နှစ်ခြင်းအသင်းချုပ်အတွင်းရှိ ဓမ္မအမှုတော်ဆောင်များ အချင်းချင်း တစ်ဦးနှင့်တစ်ဦး ရင်းရင်း နှီးနှီး ပေါင်းသင်း ဆက်ဆံကြပြီး အခက်အခဲများကို ဝိုင်းဝန်းကူညီ မစရန် အတွက် သော်လည်းကောင်း၊ ဝိညာဉ်အသက်တာနှင့်ပြည့်ဝလျက်  အသင်းတော်များ အတွင်းရှိ ယုံကြည်သူများသည် ခိုင်မာသော ယုံကြည်ခြင်း ရှိစေရန် အတွက်သော်လည်း တစ်လုံးတစ်ဝတည်း မိတ်သဟာရ ဖွဲ့နိုင်ရေးကို ရှေ့ရှု၍ ၁၉၅၇-ခုနှစ်၊ အောက်တိုဘာလ(၁၀-၁၃)ရက်၊ မန္တလေးမြို့တွင် ကျင်းပသော(၈၉)ကြိမ်မြောက် ပြည်လုံးနှစ်ပတ်လည် အစည်းအဝေးကြီးတွင် ဓမ္မဆရာအသင်းကြီးကို စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာပြည်လုံးနှစ်ခြင်းဓမ္မဆရာကောင်စီဟု ခေါ်တွင်ခဲ့သည်။ ၁၉၈၅-ခုနှစ်၊ ဒီဇင်ဘာလ(၃၀)ရက်နေ့မှ ၁၉၈၆-ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ကျင်းပသော (၁၁၁)ကြိမ်မြောက် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် ဓမ္မဆရာအသင်းကြီးကို မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ် ဓမ္မအမှုတော်ဆောင်များဌာနအဖြစ် လက်ခံအတည်ပြုခဲ့ကြပါသည်။