မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များ ကောင်စီ၏ (၈၇)ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးကြီး
မေ 11, 2018
အသင်းးချုပ်၊ ဧဝံဂေလိနှင့်သာသနာပြုရေးဌာန၏ လုပ်ငန်းစဉ် ညှိနှိုင်းစည်းဝေး
မေ 11, 2018

နှစ်ခြင်းအသင်းချုပ် ဓမ္မအမှုတော်ဆောင်များဌာနနှင့် Tearfund မှ ဦးဆောင်၍ နှစ်ခြင်းဓမ္မအမှုတော်ဆောင်များအတွက်
သက်သာပျောက်ကင်းခြင်းနှင့် ခံနိုင်ရည်စွမ်းအားသင်တန်းကို ၂၀၁၈-ခုနှစ်၊ မေလ(၂-၄)ရက်အထိ MBC HOLTIတွင် ပြုလုပ်ခဲ့ရာ လူမျိုးစုနှင့် ဒေသန္တရအဖွဲ့ချုပ် များမှ ဓမ္မအမှုတော်ဆောင်ဌာနတာဝန်ခံများ နှင့် ပူးတွဲဓမ္မအမှုတော်ဆောင်တစ်ဦး တို့ တက်ရောက်ပါ၀င်ခဲ့ကြပါသည်။ တစ်ဦးချင်းနှင့်အဖွဲ့လိုက် ကြုံတွေ့ကြရသော စိတ်ပိုင်းဆိုင်ရာ နာကျင်မှုနှင့် ပတ်သက်သော အခြေခံအချက်များကို ဖော်ထုတ် ဆွေးနွေးကြပြီး၊ ယင်းတွင် စိတ်နာကျင်မှု အသစ်များကို ထပ်မံ ဖြစ်စေသော အကြမ်းဖက်မှု သံသရာစက်ဝိုင်းနှင့် သက်သာပျောက် ကင်းခြင်းလမ်းခရီး အကြောင်းများသာမက တစ်ဦးချင်းနှင့် လူမှုအသိုက်အဝန်းအတွက် ခံနိုင်ရည်စွမ်းအားများ တည်ဆောက်ခြင်း အကြောင်းများကိုလည်း ထည့်သွင်းဆွေးနွေးကြပါသည်။
ဆက်လက်၍ နှစ်ခြင်းအသင်းချုပ် ဓမ္မအမှုတော်ဆောင်များဌာနမှ ကြီးမှူး၍ ၀ိညာဉ်တော်ဦးဆောင်သောခေါင်းဆောင်မှုသင်တန်းကို၂၀၁၈ ခုနှစ်၊ မေလ (၇-၉)ရက်ထိ
MBC HOLTI တွင်ပင် ပြုုလုပ်ခဲ့ပါသည်။ ၎င်းနောက် ဌာနကော်မတီအစည်းအဝေးကို အောင်မြင်စွာဆက်လက်ပြုလုပ်ပြီးစီးခဲ့ပါသည်။

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်