ဘဝသစ်ရိပ်သာလုပ်ငန်း ပြန်လည်သုံးသပ်ခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲ
မေ 11, 2018
ညှိနှိုင်းရေးမှူးသင်တန်း
မေ 18, 2018

၂၀၁၈-ခုနှစ်၊ မေလ (၁၄-၁၇)ရက်အထိ နှစ်ခြင်းအသင်းချုပ် ခေါင်းဆောင်မြှင့်တင်ရေးဌာနမှ CBI (Capacity Building Initiative) နှင့်ပူးပေါင်းပြုလုပ်သော ခေါင်းဆောင်မြှင့်တင်ရေးသင်တန်း Leadership Training ကို နှစ်ခြင်းအသင်းချုပ် အစည်းအဝေးခန်းမ(၃)တွင် ပြုလုပ်ရာ ခေါင်းဆောင်မြှင့်တင်ရေးဌာန တာဝန်ခံနှင့် တွဲဖက်တာဝန်ခံ(၂)ဦးအပါအဝင် တက်ရောက်ပါ၀င်သူ စုစုပေါင်း (၁၃)ဦးရှိပါသည်။ ဦးဆောင်ခြငး်ဆိုသည်မှာ လူအများ မျှော်လင့်ထားသော ရည်မှန်းချက်ပန်းတိုင် ရောက်ရှိရေးအတွက် ၎င်းတို့ကိုယ်တိုင် ကြိုးစားဆောင်ရွက်စေရန် ဦးဆောင်သူက စံနမူနာပြခြင်း၊ နည်းလမး်ညွှန်ပြခြင်း၊ စွမ်းရည်မြှင့်တင်ပေးခြင်း၊ ဆန္ဒနှင့် ၀ီရိယကို တိုးပွားစေခြင်း၊ စည်းကမ်းစနစ်ကျစွာ ဆောင်ရွက်ခြင်းကို ပြုလုပ်စေခြင်းဖြစ်သည်။
သင်တန်းပြုလုပ်ရခြငး်ရည်ရွယ်ချက်မှာ
၁) အရည်အချင်းပြည့်ဝသော ခေါင်းဆောင်များအနေဖြင့် ခေါင်းဆောင်မှုဆိုင်ရာ အခြေခံသဘောတရားများ နားလည်သိရှိသွားရန်
၂) ခေါင်းဆောင်မှုပုံစံအမျိုးအစားများကို ရှင်းလင်းသိမြင်စေရန်
၃) ခေါင်းဆောင်မှု၏အဓိကကျသောအရည်အသွေးများအား ဖော်ထုတ်သိရှိသွားရန်
၄) လုပ်ငန်းခွင်အတွင်း သင့်လျော်ထိရောက်သောခေါင်းဆောင်မှုပညာရပ်များကို ကျင့်သုံးတတ်စေရန် ဖြစ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်