ကလေးများအပေါ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်စို့
ဇွန် 12, 2018
ပထမအကြိမ် တွေ့ဆုံခြင်း
ဇွန် 14, 2018

၂၀၁၈ ခုနှစ် ၊ ဇွန်လ (၉)ရက် စနေနေ့တွင် နှစ်ခြင်းအသင်းချုပ်၊ အမျိုးသမီးဌာနမှ ကြီးမှူးပြုလုပ်သော နှစ်ခြင်းအမျိုးသမီးများနေ့အစီအစဉ်ကို နှစ်ခြင်းအသင်းချုပ် ကူရှင်ခန်းမတွင် နံနက်(၉း၀၀)နာရီမှ မွန်းလွဲ(၁၁း၀၀)နာရီအထိ ပြုလုပ်ခဲ့ပါသည်။ သဘာပတိအဖြစ် ဆရာမဒေါ်ဒေါရစ်၊ နှုတ်ခွန်းဆက် စကားပြောကြားခြင်းကို ဌာနသဘာပတိ ဒေါက်တာမန်ကြွယ်၊ အထူးဆုတောင်းခြင်းကို ဒေါက်တာဒေါ်မေမောင်အောင်၊ ကြေငြာခြင်းနှင့် ကျေးဇူးတင်စကားပြောကြားခြင်းကို ဌာနတာဝန်ခံ ဆရာမနန့်ဘက်ဒီထူး၊ ဆရာမကြီး ဒေါက်တာ ဒေါ်အက်စတာဗြူမှ ဒေသနာဝေငှခဲ့ပါသည်။ ကျမ်းစာရွတ်ဆိုသရုပ်ဖော်ခြင်းကို အလုံ ခရစ်တော်၏အသင်းတော် မှ အမျိုးသမီးများကလည်းကောင်း၊ တေးသရုပ်ဖော်ခြင်းကို ဦးနောအသင်းတော် အမျိုးသမီးမိခင်များနှင့် ဦးနောအသင်းတော် မေတ္တာပန်းခင်း ကလေးသူငယ်များက အကဖြင့် လည်းကောင်း တင်ဆက်ခဲ့ပါသည်။ ဒေသနာတွင် ဆရာမကြီးက “ ကိုယ့်ကိုယ်ကို သိခြင်းကပညာပဲ။ ကိုယ့်ကိုယ်ကိုတော့ ထင်သင့်တာထက် ပိုအထင် မကြီးပါနဲ့။ သူများနဲ့တူဖို့လဲ မကြိုးစားနဲ့။ မတုနဲ့။ “ ဟု ဝေငှခဲ့ပါသည်။ Rev. မိလှကြည်က ကောင်းကြီးတောင်းခံပေးလျက် ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကိုရုပ်သိမ်းလျက်၊ နှစ်ခြင်းအသင်းချုပ် အောက်မေ့ဖွယ်ခန်းမတွင် အသင်းတော်များနှင့် အသင်းချုပ် ဌာနများမှ အမျိုးသမီးများ၏ ဈေးရောင်းပွဲအစီအစဉ်ဖြင့် ညနေ(၄း၀၀)နာရီ အထိ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်