နှစ်ခြင်း အမျိုးသမီးများနေ့ အစီအစဉ်
ဇွန် 14, 2018
“ စာပေရေးသား ထုတ်ဝေခြင်းနှင့် မီဒီယာအမြင်ဖွင့် သင်တန်း”
ဇွန် 19, 2018

၂၀၁၈-ခုနှစ် ဇွန်လ (၁၃)ရက် ဗုဒ္ဓဟူးနေ့ နံနက်(၉း၀၀-၁၂း၀၀)နာရီတွင် နှစ်ခြင်းအသင်းချုပ်ကို (၂၀၁၈-၂၀၂၀) ခုနှစ်သက်တမ်း ဦးဆောင်သူအသစ်များနှင့် ဝန်ထမ်းများ ပထမအကြိမ် တွေ့ဆုံခြင်း အစီအစဉ်ကို နှစ်ခြင်းအသင်းချုပ် ကူရှင်ခန်းမတွင် ပြုလုပ်ခဲ့ရာ ရုံးအုပ်ကြီး ဆရာမန်းဂီးဒီယံက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ တွဲဖက်အထွေထွေအတွင်းရေးမှူးက အဖွင့်ဆုတောင်းပေးပါသည်။ နှုတ်ခွန်းဆက် စကားပြောကြားခြင်းကို အထွေထွေအတွင်းရေးမှူး Rev. Dr. ထန်ကျင့်လျန်းက ပြောကြားခဲ့ရာ နှစ်ခြင်းအသင်းချုပ်၏ ဆောင်ပုဒ်ဖြစ်သော ကိုယ်ကျိုးစွန့်ဝန်ထမ်းခြင်းနှင့် အမှတ်လက္ခဏာဖြစ်သော သရဖူနှင့်ကားတိုင်ကို အဓိကထား သတိပြုရန်နှင့် နှစ်ခြင်းအသင်းချုပ်၏ ဦးတည်ချက်၊ ရည်ရွယ်ချက်များအတိုင်း ခရစ်တော်ကို ဗဟိုပြုလျက် ဘာသာရေး အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ ယုံကြည်သူကောင်း နိုင်ငံသားကောင်းဖြစ်ရန် ကြိုးစားအသက်ရှင် အစေခံဆက်ကပ်ကြပါရန်၊ အသင်းချုပ်တွင် မည်သူက တန်ဖိုးအကြီး၊ အမွန်မြတ်ဆုံးဟူ၍ မရှိဘဲ အားလုံးသည် တာဝန်များမတူသော်လည်း နေရာအလိုက် တန်ဖိုးအကြီးဆုံးဖြစ်ကြောင်း၊ နောင်တွင်လည်း ဤကဲ့သို့ တွေ့ဆုံပွဲမျိုးကို ပြုလုပ်ဦးမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားပါသည်။ တွဲဖက်အထွေထွေအတွင်းရေးမှူး Rev. Dr. ရောဘတ်ပွန်းကလည်း အိမ်ရှင်စိတ်ဓာတ်ဖြင့် တာဝန်ယူမှုမတူကြသော်လည်း မိမိတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ဖို့လိုကြောင်း၊ အလုပ်ချိန်မှန်ကန်ရန်၊ တနင်္လာနေ့ဝတ်ပြုခြင်းတွင်လည်း အားလုံး ပါဝင်ခွန်အားယူကြရန်၊ အလုပ်ချိန်တွင် သင့်လျော်သော ဝတ်စားဆင်ယင်မှုကို ဂရုစိုက်ရန်နှင့် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း မှာကြားပါသည်။ ဘဏ္ဍာထိန်း ဆရာမဒေါ်နန်းသူဇာမွန်မှလည်း စိန်ခေါ်မှု သုံးခချက်ရှိကြောင်း၊ ပထမအချက်အနေဖြင့် ယခုကာလသည် အဟောင်းအသစ်ပြောင်းနေသော ကူးပြောင်းကာလဖြစ်သောကြောင့် ပို၍ သတိထားရန်၊ သည်းခံစိတ်ရှည်ရန်၊ ဒုတိယအချက်အနေဖြင့် လစာ ခံစားခွင့်များအကြောင်း၊ ဝန်ထမ်းအိမ်ရာများအကြောင်း နှင့် တတိယအချက်အနေဖြင့် ဝိညာဉ်ရေးရာအတွက် အားလုံးသည် ပုံသက်သေကောင်းဖြစ်ရန်၊ ဘာသာရေးအဖွဲ့အစည်းဟူသည်ထက် ကျော်လွန်၍ သွေးခွဲစကားများ၊ အတင်းအဖျင်းစကားများ ရှောင်ကြဉ်ကာ လူမှုကွန်ရက်သုံးသည်မှစ၍ သတိပြုစေလိုကြောင်း ပြောကြားပါသည်။ သဘာပတိမှ အနောက်ဖက်ကို ခွင့်လွှတ်ခြင်းနဲ့ကြည့်ပါ။ အရှေ့ကို မျှော်လင့်ခြင်းနဲ့ကြည့်ပါ၊ အောက်ဖက်ကို သနားကြင်နာခြင်းဖြင့်ကြည့်ပါ၊ အထက်ကို ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ကြည့်ပါဟု နိဂုံးချုပ်ပြောကြားပြီးနောက် ဝန်ထမ်းများမှ သိလိုသည်များကို မေးမြန်းခြင်းနှင့် တုံ့ပြန်ဆွေးနွေးခြင်းများ ပြုလုပ်ပြီးနောက် ဘဏ္ဍာထိန်းမှ အထူးဆုတောင်းဆက်ကပ်လျက်၊ အထွေထွေအတွင်း ရေးမှူး ကောင်းကြီးပေးခြင်းဖြင့် အားလုံးအတူတကွ အမှတ်ရ ဓာတ်ပုံရိုက်ကာ နေ့လည်စာ သုံးဆောင်ခြင်းဖြင့် အစီအစဉ်ကို ရုပ်သိမ်းခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်