“ စာပေရေးသား ထုတ်ဝေခြင်းနှင့် မီဒီယာအမြင်ဖွင့် သင်တန်း”
ဇွန် 19, 2018
စာပေဟောပြောပွဲအစီအစဉ်
ဇွန် 25, 2018

နှစ်ခြင်းအသင်းချုပ် အမျိုးသမီးဌာနမှ ဦးဆောင်၍ လားဟူ, အာခါ, ရှမ်းရှေ့, ရှမ်းမြောက်, ၀ နဲ့ရွှေလီရှမ်း နှစ်ခြင်းအဖွဲ့ချုပ်တို့အတွက် “ အမျိုးသမီးဓမ္မအမှုတော်ဆောင်များ နှင့်  ဆရာကတော်များသင်တန်း” ကို ၂၀၁၈-ခုနှစ်၊ ဇွန်လ (၂၀-၂၃)ရက်အထိ လားရှိုးမြို့ရှိ ရှမ်းမြောက်အဖွဲ့ချုပ်ရုံးတွင် အိမ်ရှင်အဖြစ် ရှမ်းမြောက်နှစ်ခြင်းအဖွဲ့ချုပ်က လက်ခံကျင်း ပ ခဲ့ပါသည်။ ဖွင့်ပွဲအစီအစဉ်တွင် သဘာပတိအဖြစ် ဌာနတာဝန်ခံ ဆရာမနန့်ဘက်ဒီထူး၊ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်းကို အိမ်ရှင်အဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဆရာယောရှု၊ အထူးဆက်ကပ်ဆုတောင်းခြင်းကို ရှမ်းမြောက်အဖွဲ့ချုပ် ဒုဥက္ကဌ ဆရာမခင်မာဝင်း၊ တိုက်တွန်းခွန်အားပေးခြင်း ဒေသနာကို လားရှိုးလူမျိုးပေါင်းစုံနှစ်ခြင်းအသင်းတော်မှသင်းအုပ်ကြီး Rev. စောရှိုင်းနားနှင့် ကောင်းကြီးပေးခြင်းကို ဌာနသဘာပတိ ဒေါက်တာမန်ကြွယ်တို့က ဦးဆောင်ခဲ့ပါသည်။

Comments are closed.