၂၀၁၈ ယုဒသန်နေ့
ဇူလိုင် 5, 2018
ရှေးဦးအရွယ်ကလေးသူငယ်များ စာပေလေ့လာသင်ကြားရေးအတွက်
ဇူလိုင် 17, 2018

မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်မှ ရန်ကုန်မြို့တွင် နှစ်စဉ် ပြုလုပ်ကျင်းပသော ယုဒသန်နှင့် ပါရမီဖြည့်ဖက်များ ဂုဏ်ပြုသီချင်း ပြိုင်ပွဲအား ယခု ၂၀၁၈ ခုနှစ်တွင်လည်း ” ကိုယ်ပိုင် သံစဉ်သီချင်း ရေးစပ်သီဆိုပြိုင်ပွဲ” ကို အသင်းချုပ် အောက်မေ့ဘွယ် ခန်းမတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက် စနေနေ့ နံနက် (၁၀း၀၀)နာရီအချိန်က စတင်ခဲ့ပါသည်။ မြန်မာနိုင်ငံ ဒေသအသီးသီးရှိ စိတ်ဝင်စားသူ လူငယ်များအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ထားပြီး၊ နှစ်ခြင်းအသင်းချုပ်မှ ဦးဆောင်လျက် တစ်နိုင်ငံလုံးရှိ အသင်းတော်များအတွက် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ပါဝင်ယှဉ်ပြိုင်ခဲ့သည့်အသင်းတော်များမှာ
1. ရန်ကုန်ကရင်နှစ်ခြင်းအသင်းတော် (သူဌေးကုန်း)
2. သုဝဏ္ဏရန်ကုန်သစ်နှစ်ခြင်းခရစ်ယာန်အသင်းတော်
3. ရွာမနှစ်ခြင်းခရစ်ယာန်အသင်းတော်
4. ချင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်
5. ရန်ကုန်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်
6. ရှင်မဿဲနှစ်ခြင်းခရစ်ယာန်အသင်းတော်
7. ဘရေတန်ပိုးကရင်နှစ်ခြင်းအသင်းတော်
8. ခရစ်တော်၏အသင်းတော် (အလုံ)
9. ခိုးလ်ကရင်နှစ်ခြင်းအသင်းတော်
10. ဧမာနွေလနှစ်ခြင်းအသင်းတော်
11. ကံဘဲ့နှစ်ခြင်းအသင်းတော်
12. ကျေးဇူးတော်နှစ်ခြင်းအသင်းတော် (သုဝဏ္ဏ)
13. လိုင်နှစ်ခြင်းအသင်းတော်
14. လှိုင်သာယာမြန်မာနှစ်ခြင်းအသင်းတော်
15. မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (MIT)
16. မြောက်ဥက္ကလာပ ပိုးကရင်နှစ်ခြင်းအသင်းတော်
17. မြောက်ဥက္ကလာပနှစ်ခြင်းခရစ်ယာန်အသင်းတော်
18. စိန်မေနရီကရင်နှစ်ခြင်းအသင်းတော်
19. ရန်ကုန်မြို့မအသင်းတော် (S.S.K.B.M.S)
20. သာကေတမြို့မနှစ်ခြင်းအသင်းတော်
21. သမိုင်းကရင်နှစ်ခြင်းအသင်းတော် နှင့်
22. သံလျင်ဂိုဏ်းပေါင်းစုံလူငယ်များ တို့ဖြစ်ပြီး၊
သီချင်းရေးစပ်ခြင်း ပထမဆုကို သမိုင်းကရင်နှစ်ခြင်းအသင်းတော်ကလည်းကောင်း၊
သီဆိုခြင်း ပထမဆုကို ရန်ကုန်ကရင်နှစ်ခြင်းအသင်းတော် (သူဌေးကုန်း) ကလည်းကောင်း၊ ဒုတိယဆုကို ဘရေတန် ပိုးကရင်နှစ်ခြင်း အသင်းတော် (အလုံ)ကလည်းကောင်း၊ တတိယဆုကို လိုင်နှစ်ခြင်း အသင်းတော်ကလည်းကောင်း၊ နှစ်သိမ့်ဆုအဖြစ် ပထမ နှစ်သိမ့်ဆုကို ခိုးလ် ကရင်နှစ်ခြင်း အသင်းတော်ကလည်းကောင်း၊ ဒုတိယ နှစ်သိမ့်ဆုကို မြောက်ဥက္ကလာပ ပိုးကရင်နှစ်ခြင်း အသင်းတော်က လည်းကောင်း၊ တတိယနှစ်သိမ့်ဆုကို ချင်းနှစ်ခြင်းအသင်းတော် (CBC) ကလည်းကောင်း၊ သရုပ်ဖော် တင်ဆက်ခြင်း အကောင်းဆုံးဆုကို ဘရေတန် ပိုးကရင်နှစ်ခြင်း အသင်းတော် (အလုံ)က လည်းကောင်း အသီးသီး ဆွတ်ခူးရရှိသွားပါသည်။
အကဲဖြတ် ဒိုင်လူကြီးများမှာ သီချင်း ရေးစပ်ခြင်းအတွက် ကိုညီညီသွင်၊ စောခူဆဲနှင့် စောဂျိုးဂျို၊ သီဆိုခြင်းအတွက် ဆရာစံပီး၊ ကိုခင်မောင်သန့်၊ စောဘွိုင်း၊ ခောျစုခင်နှင့် ရေဗက္ကာဝင်း၊ သရုပ်ဖော်တင်ဆက်ခြင်းအတွက် ဒါရိုက်တာ ဇော်ကိုကိုနှင့် ကိုရိုးတို့ ဖြစ်ပါသည်။ ကောက်ခံရရှိသောအလှူငွေမှာ ကျပ်ခုနစ်သိန်း၊ ခြောက်သောင်း၊ သုံးထောင်၊ ရှစ်ရာ၊ ငါးဆယ်တိတိ (763,850/-)
ဖြစ်ပါသည်။
မန္တလေး၊ ဖလမ်း၊ တာချီလိတ်၊ ကျိုင်းတုံ၊ တောင်ကြီး၊ လွိုင်ကော်၊ မူဆယ်၊ လားရှိုး၊ ဟိုပန်၊ ပြင်ဦးလွင်၊ တောင်ငူ၊ နေပြည်တော်၊ ပြည်၊ သာယာဝတီ၊ မြောင်းမြ၊ မော်လမြိုင်၊ ဖားအံ၊ ထားဝယ်စသည့် မြို့ကြီး(၁၈)မြို့တွင်လည်း ဇူလိုင်လ (၇)ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။

 

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်