မူးယစ်ဆေးဝါးအလွဲသုံးမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ
ဇူလိုင် 23, 2018
“ အခြေခံမွေးမြူရေးသင်တန်း”
ဩဂုတ် 9, 2018

နှစ်ခြင်းအသင်းချုပ်၊ အမျိုးသားဌာနမှ ကြီးမှူးပြုလုပ်သော အမျိုးသားနှင့်စီးပွားရေးသင်တန်းကို မန္တလေးမြို့ လီဆူနှစ်ခြင်းအသင်းတော်တွင် ၂၀၁၈-ခုနှစ်၊ သြဂုတ်လ(၆-၉)ရက်အထိ နေ့စဉ်နံနက်(ရး၃၀)နာရီမှည(၈း၃၀)နာရီအချိန်တွင် ပြုလုပ်ကျင်းပပါသည်။ သင်တန်းမှူးအဖြစ် အသင်းချုပ်ဌာနတာဝန်ခံ ဆရာဘရန်ဆိုင်း၊ သမ္မာကျမ်းစာသင်ကြားခြင်းကို အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး Rev. Dr. ရောဘတ်ပွန်းနှင့် Rev. ပီတာ၊ သင်ခန်းစာသင်ကြားခြင်းကို Dr. Jenny Lao (ILO – SIYB, Master Trainer)၊ Special Talk – ဆရာဦးအင်ခွမ်တောင်လာတို့က ဦးဆောင်ပါသည်။

အဆိုပါသင်တန်းတွင် ကချင်အဖွဲ့ချုပ်မှ(၇)ဦး၊ လီဆူအဖွဲ့ချုပ်မှ(၈)ဦး၊ နာဂအဖွဲ့ချုပ်မှ(၄)ဦး၊ ချင်းအဖွဲ့ချုပ်မှ(၄)ဦး၊ တီးတိန်အဖွဲ့ချုပ်မှ(၅)ဦးပါဝင်လျက် အမျိုးသားများ စုစုပေါင်း(၃၀)ဦး တက်ရောက်ပါဝင်ကြပါသည်။

          

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်