ရေဘေးကြုံတွေ့ရသူများအတွက်
ဩဂုတ် 9, 2018
အဆင့်မြင့်ခေါင်းဆောင်မှု သင်တန်း
ဩဂုတ် 9, 2018

နှစ်ခြင်းအသင်းချုပ်၊ :ဧဝံဂေလိနှင့်သာသနာပြုရေးဌာနမှဦးဆောင်၍ ယဥၤကျေးမှုခြားသာသနာပြုသင်တန်း အမှတ်စဉ် (၂)ကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ (၁) ရက်မှ စက်တင်ဘာလ (၁၄) ရက်အထိ အသင်းချုပ် HOLTI ခန်းမတွင် ပြုလုပ်မည်ဖြစ်ပါသည်။
စုစုပေါင်း သင်တန်းသား (၃၉) ဦးတက်ရောက်ပါဝင်ပါသည်။ သင်တန်းဖွင့်ပွဲအစီအစဉ်ကို (၁. ၈. ၂၀၁၈)ရက် ဗုဒ္ဓဟူးနေ့၊ နံနက်(၈း၀၀)နာရီအချိန် ကူရှင်ခန်းမတွင် ပြုလုပ်ခဲ့ရာ သဘာပတိ လက်ထောက်ဌာနတာဝန်ခံ ဆရာသန်းထိုက်ဟန်၊ အဖွင့်ဆက်ကပ်ဆုတောင်းခြင်း အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး Rev. Dr. ရောဘတ်ပွန်း၊ နှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း ဌာနတာဝန်ခံ Rev. စောဝင်းဖေဇင်၊ အထူးဆုတောင်းခြင်း MBCU အဖွဲ့ချုပ် ဧ/သဌာနသဘာပတိ ဒေါက်တာစောစေးခူ၊ ဒေသနာ အသင်းချုပ်ဘဏ္ဍာထိန်း ဆရာမနန်းသူဇာမွန်၊ မိတ်ဆက်ခြင်း နှင့်ကြော်ငြာခြင်း Rev. ရိုဆန်း (သင်တန်းမှူး) ကောင်းကြီးပေးခြင်း Rev. Dr. နန်ဆွမ်းပြန်နှင့် အစားအသောက်အတွက် ကျေးဇူးတော်ချီးမွမ်းခြင်း ပိုးကရင်အဖွဲ့ချုပ် ဧ/သဌာနတာဝန်ခံ Rev. မန်းကိုလတ်တို့က ဦးဆောင်သွားပါသည်။ ဖွင့်ပွဲအစီအစဉ်အပြီးတွင် သင်တန်းသားများကို နှစ်ခြင်းအသင်းချုပ်အကြောင်းမိတ်ဆက်ခြင်းအတွက် Rev. Dr. ရောဘတ်ပွန်းက ရှင်းလင်းဖော်ပြပေးခဲ့ပြီးနောက် သင်တန်းသားများက အသင်းချုပ် ဌာနများသို့ သွားရောက်လေ့လာခဲ့ပါသည်။

  

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်