Asian Baptist Women’s Union 13th Assembly
ဩဂုတ် 31, 2018
အမျိုးသားနှင့် စီးပွားရေးသင်တန်း (ကျိုင်းတုံ)
စက်တင်ဘာ 12, 2018

မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် အထွေထွေအတွင်းရေးမှူးသည် အမေရိကန်နိုင်ငံ၊ Green Lake, Wisconsin တွင် ၂၀၁၈-ခုနှစ်၊ ဇူလိုင်လ(၄-၈)ရက် အထိ၊ အမေရိကန်နှစ်ခြင်း အသင်းတော်များအဖွဲ့(American Baptist Churches ABC) ၏ ဦးဆောင်မှုဖြင့် ပြုလုပ်သော ညီလာခံ (World Mission Conference)ကို တက်ရောက် ပါဝင်ခဲ့ပါသည်။ ညီလာခံ၏ အဓိကဆောင်ပုဒ်မှာ သင်တို့သည် ဤလောက၏ဆား (မဿဲ၊ ၅း၁၃) ကို အခြေခံထားပါသည်။ ဆရာကြီး ယုဒသန်၏ သာသ နာပြုခြင်းကို အခြေခံ၍ ယနေ့ထိတိုင် သာသနာ နှီးနှော ဖလှယ်ပွဲ ပြုလုပ်ခြင်း ဖြစ်ပါသည်။
ဆက်လက်၍ နှစ်ခြင်းအသင်းချုပ်အထွေထွေအတွင်းရေးမှူးသည် Michigan, Battle Creek တွင် Burmese Christian Association of North America (BCANA)၏ ဦးဆောင်မှုဖြင့် ၂၀၁၈-ခုနှစ် ဇူလိုင်လ(၁၂-၁၅)ရက်များတွင် ကျင်းပပြုလုပ်သော ညီလာခံကိုလည်း တက်ရောက်ခဲ့ပါသည်။
ထို့ပြင် D.C Baptist Convention ၏ အထွေထွေအတွင်းရေးမှူး Rev. Dr. Robert D. Cochran နှင့်လည်းကောင်း၊ ABC ၏ အထွေထွေ အတွင်းရေးမှူးဟောင်း Rev. Dr. A Roy Medley နှင့်လည်းကောင်း တွေ့ဆုံမိတ်သဟာယ ဖွဲ့ခွင့် ရရှိခဲ့ပါသည်။ အထူး အခွင့်အရေး အနေဖြင့် UN (United Nations) ရုံးသို့ လေ့လာ လည်ပတ်ခွင့် ရရှိခဲ့၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး H.E Hau Do Suan နှင့်ဇနီးတို့ကိုလည်း တွေ့ဆုံ မိတ်သဟာယဖွဲ့ခွင့် ရရှိခဲ့ပါသည်။
နှစ်ခြင်းအသင်းချုပ် အထွေထွေအတွင်းရေးမှူး ၏ ဤသာသနာ ခရီးစဉ်တွင် ကူညီပေးပါသော အထူးသဖြင့် ABC အာရှတာဝန်ခံ Rev. Leslie Turley ကိုလည်းကောင်း၊ ကရာနီနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာ Rev. Dr. Saw Ler Htoo နှင့်ဇနီးတို့ကိုလည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

    

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်