နှစ်ခြင်းလူငယ်နိုးကြားရေးခရီးစဉ်
အောက်တိုဘာ 8, 2018
Advanced leadership learning workshop and training with American Baptist International Ministries
အောက်တိုဘာ 12, 2018

နှစ်ခြင်းအသင်းချုပ်၊ ဓမ္မအမှုတော်ဆောင်များဌာနကဦးဆောင်၍ အလုံ Franc Auditorium တွင် ပဉ္စမအကြိမ်မြောက် ဓမ္မ အမှုတေ်ာဆောင်များ ညီလာခံကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၁-၄)ရက်များတွင် ကျင်းပပြုလုပ်ခဲ့ရာ လူ/ဒေအဖွဲ့ချုပ် (၁၈)ပါးနှင့် တိုက်ရိုက်ဆက်သွယ်သော အသင်းတော်(၂)ပါးမှ ဓမ္မအမှုတော်ဆောင်ပေါင်း (၁၇၀၀)ဦးကျော် တက်ရောက်ပါဝင်ခဲ့ပါသည်။ ဖွင့်ပွဲအစီအစဉ်ကို (၁.၁၀.၂၀၁၈) တနင်္လာနေ့ မွန်းလွဲ(၂း၀၀-၄း၀၀)နာရီအထိ အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဒေါက်တာရောဘတ်ပွန်းက သဘာပတိအဖြစ် ဦးဆောင်လျက် အသင်းချုပ် ဥက္ကဌ သိက္ခာတော်ရဒေါက်တာ ဦးမောင်မောင်ရင်၊ ဌာနသဘာပတိ သိက္ခာတော်ရဆရာ ဦးဇော်မိုင်၊ ရန်ကုန်မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး၊ လူ/ဒေအဖွဲ့ချုပ်များက ချီတက်၍ တိုင်းရင်းသားလူမျိုးများ စုံညီစွာ ပါဝင်ခဲ့ပါသည်။ ဖွင့်ပွဲ ဝတ်ပြုကိုးကွယ်ခြင်းကို အသင်းချုပ်ဌာန တာဝန်ခံ သိက္ခာတော်ရဒေါက်တာစောအယ်သောက သဘာပတိအဖြစ် လည်းကောင်း၊ အဖွင့်ဆုတောင်းခြင်းကို အသင်းချုပ်ဘဏ္ဍာထိန်း ဆရာမနန်းသူဇာမွန်ကလည်းကောင်း၊ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်းကို သိက္ခာတော်ရ ဒေါက်တာ ဦးမောင်မောင်ရင်ကလည်းကောင်း၊ အမှာစကားပြောကြားခြင်းကို ဒေါက်တာ ဦးမောင်မောင်စိုးက လည်းကောင်း၊ အလှူတော်ငွေဆက်ကပ်ခြင်းကို နာဂအဖွဲ့ချုပ် ဌာနတာဝန်ခံ ဆရာဦးမောင်မောင်က လည်းကောင်း၊ သော့ချက်မိန့်ခွန်းကို အသင်းချုပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဒေါက်တာထန်ကျင့်လျန်းကလည်းကောင်း၊ ချင်းနှစ်ခြင်းအဖွဲ့ချုပ်၊ လိုင်းရော်နှစ်ခြင်း ခရစ်ယာန်နယ်အဖွဲ့ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာ ဟရန်မှုန်းကလည်းကောင်း ဦးဆောင်ပေးခဲ့ပါသည်။
သမ္မာကျမ်းစာသင်ကြားခြင်း
သိက္ခာတော်ရဒေါက်တာစောလယ်ထူး – ဓမ္မအမှုတော်ဆောင်ရှုထောင့်မှ ငြိမ်းချမ်းသောကမ္ဘာအတွက် ဓမ္မအမှုတော်ဆောင်များ
သိက္ခာတော်ရဒေါက်တာဆိုင်မွန်ပေါင်ခန့်အင်း – သာသနာပြုခြင်းရှုထောင့်မှ ငြိမ်းချမ်းသောကမ္ဘာအတွက် ဓမ္မအမှုတော်ဆောင်များ
ညီလာခံစာတမ်းတင်ပြခြင်း
ဒေါက်တာဆလိုင်းလျန်မှုန်း – ခရစ်တော်၏ငြိမ်းချမ်းရေးလမ်းစဉ်ဖြင့် နိုင်ငံတော်တည်ဆောက်ခြင်း ဓမ္မအမှုတော်ဆောင်များပါဝင်ရေး
တုံ့ပြန်ခြင်း – သိက္ခာတော်ရဆရာမန်းစံသိန်းထွန်း
ဒေါက်တာစောလှိုင်ဘွား – ပြောင်းလဲနေသောခေတ် သစ်လွင်သောဓမ္မအမှုတော်ဆောင်များနှင့်ရှင်သန်နိုးကြားသောအသင်းတော်
တုံ့ပြန်ခြင်း – သိက္ခာတော်ရဒေါက်တာဆိုင်မှုန်း
သိက္ခာတော်ရဒေါက်တာအမ်ခေါသိန်း – ခရစ်ယာန်ဓမ္မအမှုတော်ဆောင်များတစ်လုံးတစ်ဝတည်းဖြစ်ရေးနှင့်စည်းလုံးညီညွတ်ရေး
တုံ့ပြန်ခြင်း – သိက္ခာတော်ရဆရာဂျာနော်ဂျူနီယာ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်