Advanced leadership learning workshop and training with American Baptist International Ministries
အောက်တိုဘာ 12, 2018
ကမ္ဘာကြီးပူနွေးလာမှုနှင့် အမျိုးသားများအခန်းကဏ္ဍ သင်တန်း
အောက်တိုဘာ 16, 2018

နှစ်ခြင်းအသင်းချုပ် ခရစ်ယာန်လူမှုဝန်ထမ်းခြင်းနှင့်ဖွံ့ဖြိုးရေးဌာနမှ ပြုလုပ်သော မြေယာဥပဒေသင်တန်းကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၁၆-၁၈) ရက် အထိ အသင်းချုပ်အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ Land Cord Group မှ လာရောက်ပို့ချဝေငှပါသည်။ တက်ရောက်သူများမှာ ကရင်အဖွဲ့ချုပ်၊ ပိုးကရင်အဖွဲ့ချုပ်၊ ချင်းအဖွဲ့ချုပ်၊ တီးတိန်အဖွဲ့ချုပ်၊ ရွှေလီရှမ်းအဖွဲ့ချုပ်၊ ရှမ်း/မြောက်အဖွဲ့ချုပ်၊ ရှမ်း/တောင်အဖွဲ့ချုပ်၊ အရှိုချင်းအဖွဲ့ချုပ်၊ ဝအဖွဲ့ချုပ်၊ လီဆူအဖွဲ့ချုပ်၊ မွန်အဖွဲ့ချုပ်၊ ရခိုင်အဖွဲ့ချုပ်၊ MBCU၊ နာဂအဖွဲ့ချုပ်၊ လားဟူအဖွဲ့ချုပ်၊ အာခါအဖွဲ့ချုပ်တို့မှ သင်တန်းသား(၁၆)ဦးနှင့် ရုံးအဖွဲ့(၄)ဦး စုစုပေါင်း(၂၀)ဦး တို့ဖြစ်ပါသည်။ ပို့ချသည့်အကြောင်းအရာများမှာ
၁။ လယ်ယာမြေလုပ်ပိုင်ခွင့်လျှေက်ထားခြင်းနှင့် လျှောက်ထားနိုင်သောနည်းလမ်း (၄)မျိုး
၂။ မြေလွတ်၊ လပ်၊ ရိုင်း အဓိပ္ပါယ်နှင့် အခွင့်အရေးများ နှင့်
မြေလွတ်၊ လပ်၊ ရိုင်း လျှောက်ထားပုံအဆင့်ဆင့်
၃။ မြေယာစီမံခန့်ခွဲမှုအဖွဲ့များ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ
၄။ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများ၏ အကျိုးခံစားခွင့်နှင့် စည်းကမ်းများ
၅။ လယ်ယာမြေအား အခြားနည်းဖြင့် ပြောင်းလဲအသုံးချခြင်း
၆။ လက်ရှိအသုံးချနေသော မြေအမျိုးအစားများနှင့် ဆက်စပ်နေသော သက်ဆိုင်ရာ ဝန်ကြီးဌာနများ
၇။ လယ်ယာမြေနှင့် တောင်သူလယ်သမား အဓိပ္ပါယ် ဖွင့်ဆိုချက်
၈။ လိုက်နာရမည့်စည်းကမ်းများ ပျက်ကွက်၍ အရေးယူခြင်းနှင့် ပြစ်မှု ပြစ်ဒဏ်များ
၉။ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အယူခံဝင်ခြင်းအဆင့်များ
၁၀။ မြေနုကျွန်း လုပ်ပိုင်ခွင့် လျှောက်ထားခြင်း
၁၁။ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း
၁၂။ နစ်နာကြေးနှင့် လျော်ကြေး

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်