ကမ္ဘာကြီးပူနွေးလာမှုနှင့် အမျိုးသားများအခန်းကဏ္ဍ သင်တန်း
အောက်တိုဘာ 16, 2018
ရေရှည်တည်တံ့သော ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆုတောင်းဝတ်ပြုကိုးကွယ်ခြင်း
နိုဝင်ဘာ 5, 2018

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန် အသင်းချုပ်နှင့် ၁၉၉၇ ခုနှစ်မှစပြီး ရေရှည်မိတ်ဖက်အဖြစ် လက်တွဲလုပ်ဆောင်နေသော Tear Fund UK ၏ စီစဉ် ကူညီပေးမှုအားဖြင့် နှစ်ခြင်းအသင်းချုပ် ခရစ်ယာန် လူမှု ဝန်ထမ်းခြင်းနှင့် ဖွံဖြိုးရေးဌာနမှ လက်တွဲ လုပ်ဆောင်လျက် ရှိသော “ အသင်းတော်နှင့် ရပ်ရွာလူထုများ ဘက်စုံ အသွင်ပြောင်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် အတူတကွ ညီညွတ်စွာ လက်တွဲလုပ်ဆောင်မှု ဖြစ်စဉ် – Church and Community Mobilization Process (Eden) “ (၂၀၁၁မှယနေ့အထိ)အစီအစဉ်ကို ပိုမိုမြှင့်တင် လုပ်ဆောင်နိုင် ရန် အတွက် “ CCMP ဆိုင်ရာခေါင်းဆောင်များ ရူပါရုံ တည်ဆောက်ခြင်း ဆိုင်ရာ လေ့လာရေး အစီအစဉ်” ကို ၂၀၁၈-ခုနှစ်၊ အောက်တိုဘာလ (၁၇-၂၅)ရက်နေ့အထိ CCMP ကို အစဦးဆုံး စတင်ခဲ့သော အာဖရိက တန်ဇန်းနီးယားနိုင်ငံတွင် ၁၉၉၇-ခုနှစ်မှ ယနေ့အထိ လုပ်ဆောင် အကောင်အထည် ဖော်နေသော AICT – Africa Inland Church in Tanzania အဖွဲ့၏ Diocese သာသနာနယ် (၆)ခုတွင် အပါအဝင်ဖြစ်သော Geita နှင့် Mara and Ukerewe, TEAR fund Tanzania အဖွဲ့များ၏ CCMP ကို မိမိတို့အဖွဲ့အစည်း၏ မစ်ရှင် Mission အဖြစ် ထိရောက်အောင်မြင်စွာ လုပ်ဆောင်နေမှုနှင့် ဦးတည်အသင်းတော်၊ ကျေးရွာ (၆)ခု၏ CCMP အားဖြင့် အသွင်ပြောင်း တိုးတက် ဖွံ့ဖြိုးမှုများကို သွားရောက် လေ့လာ သင်ယူခဲ့ကြသည်။ လေ့လာရေးခရီးစဉ်တွင် ပါဝင်သူများမှာ အသင်းချုပ် အထွေထွေ အတွင်းရေးမှူး Rev. Dr. ထန်ကျင့်လျန်း၊ အသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး Rev. Dr. ရောဘတ်ပွန်း၊ အသင်းချုပ် ခရစ်ယာန် လူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေး ဌာနတာဝန်ခံ Rev. မန်းအောင်ဇော်မိုး၊ လက်ထောက်ဌာန တာဝန်ခံဆရာစောဟယ်ရီတန်နှောင်း၊ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ Executor Offices ဆရာမမြောင်းမြဖော၊ Tear Fund UK မှ Program Coordinator ဒေါက်တာ စလုံ့မန်၊ ရှမ်းမြောက်အဖွဲ့ချုပ်မှ ဘဏ္ဍာထိန်း ဆရာမ ဘော်မျှော်နှင့် လားဟူအဖွဲ့ချုပ် လားရှိုးနယ် အတွင်းရေးမှူး Rev. အာလေးဘိုတို့ ဖြစ်ပါသည်။

Leader’s Exposure Trip to Tanzania

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်