ရူပါရုံ တည်ဆောက်ခြင်း ဆိုင်ရာ လေ့လာရေး အစီအစဉ်
အောက်တိုဘာ 30, 2018
၁၇၈ ကြိမ်မြောက် နှစ်ခြင်းအသင်းချုပ် အလုပ်အမှုဆောင်အစည်းအဝေး
နိုဝင်ဘာ 9, 2018

၂၀၁၈-ခုနှစ်၊ နိုဝင်ဘာလ(၅)ရက် နှစ်ခြင်းအသင်းချုပ် တနင်္လာနေ့ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်တွင် ရေရှည်တည်တံ့သော ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆုတောင်းဝတ်ပြုကိုးကွယ်ခြင်းကို အသင်းချုပ် ကူရှင်ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ အသင်းချုပ် ဝန်ထမ်းများအားလုံး အင်္ကျီအဖြူရောင် တူညီဝတ်ဆင်လျက် ဒူးထောက်လျက်၊ အဖြူရောင်ကြိုးများပတ်လည်ကာလျက်၊ ဖယောင်းတိုင်များထွန်းညှိလျက် ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းခဲ့ကြပါသည်။ ဖယောင်းတိုင်မီး ထွန်းညှိခြင်းကို အထွေထွေအတွင်းရေးမှူး Rev. Dr. ထန်ကျင့်လျန်းဦးဆောင်လျက် အမျိုးသားဌာနတာဝန်ခံ ဆရာဘရန်ဆိုင်း၊ ဓမ္မအမှုတော်ဆောင်များ တွဲဖက်တာဝန်ခံ ဆရာဗဲန်ဒေါ့လျန်၊ သီသြလော်ဂျီပညာဌာန လက်ထောက်တာဝန်ခံ ဆရာဂျွန်ဆင်၊ သဘာပတိအဖြစ် သီသြလော်ဂျီပညာဌာန တာဝန်ခံ Rev. Dr. စောဆိုင်းရပ်စိန်၊ အထူးဆုတောင်းခြင်းကို ခရစ်ယာန်ဆက်သွယ်ရေးဌာန သဘာပတိ Rev. စောမြမင်းလွင်၊ အမျိုးသမီးဌာန ရုံးအုပ်ကြီး ဒေါက်တာစန်းစန်းအောင်၊ ဧ/သဌနာ တာဝန်ခံ Rev. စောဝင်းဖေဇင်၊ တိုက်တွန်း ခွန်အား ပေးခြင်းကို ဓမ္မအမှုတော်ဆောင်များ တာဝန်ခံ Rev. Dr. စောအယ်သောနှင့် ကောင်းကြီးတောင်းခံခြင်းကို တွဲဖက် အထွေထွေအတွင်းရေးမှူး Rev. Dr. ရောဘတ်ပွန်းတို့က ဦးဆောင်ခဲ့ပါသည်။ တစ်ပင်တိုင် သီဆိုခြင်းကို နန့်မေရတနာရွိုင်းက ချီးမွမ်း သီဆိုပြီး၊ ငြိမ်းချမ်းရေးအတွက် ဗီဒီယိုသီချင်းကို ဆရာစောချစ်စန်းဝင်းက တင်ပြခဲ့ပါသည်။ ငြိမ်းချမ်းရေး ဆုတောင်းခြင်း အပြီးတွင် တက်ရောက်လာသူအားလုံး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ အသင်းချုပ် နိုဝင်ဘာလမွေးနေ့ရှင်များအတွက်လည်း မွေးနေ့အစီအစဉ်ကို တစ်ဆက်တည်း ပြုလုပ်ပြီး၊ မွေးနေ့ရှင်များက မုန့်ဟင်းခါးဖြင့် တည်ခင်းဧည့်ခံပါသည်။

အထူးဆုတောင်းချက်များမှာ
၁။ နိုင်ငံတော်ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးရရှိရန် ဦးဆောင်နေသောသူများအတွက်
၂။ နိုင်ငံတော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအတွက်
၃။ စစ်ဘေး၊ သဘာဝဘေးနှင့် ဘေးအန္တရာယ်အမျိုးမျိုးကို တွေ့ကြုံခံစားေနေရသူများနှင့် အသင်းချုပ် မိသားစုများအတွက်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်