(၁၀၂)ကြိမ်မြောက် သင်းလုံးကျွတ် ဓမ္မသဘင်
ဇန်နဝါရီ 25, 2019
Designing Workshop
ဇန်နဝါရီ 30, 2019

နှစ်ခြင်းအသင်းချုပ် ဆုတောင်းရာနေ့အစီအစဉ်ကို ပထမအကြိမ်အဖြစ် ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက် ကြာသပတေးနေ့တွင်
နံနက်(၉း၀၀)နာရီမှ မွန်းလွဲ(၃း၀၀)နာရီအထိ နှစ်ခြင်း အသင်းချုပ် ကူရှင်ခန်းမတွင် “ အသင်းချုပ်ဝန်ထမ်း ဆုတောင်းသံတမန်များ” အဓိကအချက်ဖြင့် ပြုလုပ်ခဲ့ပါသည်။ နံနက်(၉း၀၀-၉း၂၀)နာရီအထိ ချီးမွမ်း သီချင်းသီဆိုခြင်းကို လူငယ်ဌာန တွဲဖက် တာဝန်ခံ ဆရာ စောဂျဒ်ဆင်ညိုနှင့် စာပေနှင့် ပုံနှိပ် ထုတ်ဝေရေးဌာန တာဝန်ခံ ဆရာမဟူရာဝါးတို့က ဦးဆောင်ကြပြီး၊ နံနက်(၉း၂၀-၁၀း၀၀)နာရီအချိန် ဝတ်ပြု ကိုးကွယ်ခြင်းတွင် အစီအစဉ်မှူးအဖြစ် သီသြလော်ဂျီပညာဌာန တာဝန်ခံ Rev. Dr. စောစိုင်းရပ်စ်စိန်၊ ဆုတောင်းရာနေ့ ပြုလုပ်ရခြင်းအတွက် ရည်ရွယ်ချက်များ တင်ပြခြင်းကို အထွေထွေ အတွင်းရေးမှူး Rev. Dr. ထန်ကျင့်လျန်း၊ အထူးဆုတောင်းခြင်းကို ဘဏ္ဍာထိန်း ဆရာမနန်းသူဇာမွန်၊ ဒေသနာ ဟောကြားခြင်းကို Rev. ဦးကျော်မိုး (MICT)၊ ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် ကြေငြာခြင်းကို ရုံးအုပ်ကြီး ဆရာ မန်းဂီးဒီယံ နှင့် နံနက် (၁၀း၀၀-၁၀း၃၀)နာရီ အချိန်တွင် သုံးယောက်တစ်ဖွဲ့စီ သက်သေခံ ဝေမျှ ဆုတောင်းခြင်းပြုုလပ်ပြီး၊ နံနက် (၁၀း၃၀-၁၁း၃၀)နာရီတွင် သမ္မာကျမ်းစာသင်ကြားခြင်းကို Rev. Dr. စောအယ်သောက ဦးဆောင်ပါသည်။ နံနက် (၁၁း၃၀-၁၂း၀၀)နာရီအထိ သင်ခန်းစာအပေါ် မေးမြန်းဆွေးနွေးခြင်းပြုလုပ်ကာ မွန်းတည့်(၁၂း၀၀-၁၂း၄၅)နာရီအထိ နေ့လည်စာသုံးဆောင်ချိန်ဖြစ်ပါသည်။ မွန်းလွဲ(၁၂း၄၅-၁း၀၀)နာရီအထိ အစီအစဉ်ကို ချီးမွမ်းသီချင်း သီဆိုခြင်းဖြင့် ပြန်လည် စတင်ပြီး မွန်းလွဲ (၁း၀၀-၂း၀၀)နာရီအထိ ပေးဝေထားသောစာရွက်ပါ အသင်းချုပ်အတွက်၊ လူ/ဒေအဖွဲ့ချုပ်များ နှင့် တိုက်ရိုက်ဆက်သွယ်သော အသင်းတော် (၂)ပါးအတွက်၊ မြန်မာနိုင်ငံတော်အတွက်၊ မိတ်ဖက် သာသနာအဖွဲ့အစည်းများနှင့် နိုင်ငံတကာရှိ မြန်မာနှစ်ခြင်း အသင်းတော်များ အတွက် လူငယ်ဌာန တာဝန်ခံ ဆရာဝင်းထွဋ်သာကြည် ဦးဆောင်ကာ ချီးမွမ်းသီချင်း သီဆိုခြင်းနှင့် ဆုတောင်းခြင်း အစီအစဉ်ကို ပြုလုပ်ပါသည်။ အဖွဲ့ခွဲခြင်းကို နံနက် ရောက်ရှိသည့် အချိန်တွင် မဲနှိုက်ကာ နံပါတ်အလိုက် နေရာယူရပါသည်။
အဖွဲ့ခွဲ ဆုတောင်းခြင်း အစီအစဉ်ပြီးနောက် မွန်းလွဲ(၂း၀၀-၃း၀၀)နာရီအထိ ဆက်ကပ် ဝတ်ပြုခြင်းကို အမျိုးသမီးဌာနက ဦးဆောင်ရာ သဘာပတိအဖြစ် အမျိုးသမီးဌာန ရုံးအုပ်ကြီး ဆရာမမိုင်ရုသ်လွန်း၊ အထူးဆက်ကပ်ဆုတောင်းခြင်းကို ဒေါက်တာ စန်းစန်းအောင်၊ ဒေသနာကို ဌာန အကြံပေး ဒေါက်တာမေမောင်မောင်တို့က ဦးဆောင်၍ မိမိတို့အသက်တာ ဆက်ကပ်ခြင်းအစီအစဉ်အဖြစ် လောကီ တပ်မက်မှု စွဲလန်းမှုအသီးများဖြစ်သည့် မုန်းတီးခြင်း၊ အမျက်ဒေါသ၊ အတ္တကြီးခြင်းစသည်တို့နှင့် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ နူးညံ့ သိမ်မွေ့ခြင်း စသည့် ဝိညာဉ်အသီးများကိုလည်း စာရွက်ငယ်လေးများတွင် ရောင်စုံပုံလေးများဖြင့် ရိုက်နှိပ်ထားပြီး အသက်ပင် နှင့် အမှိုက်ပုံး ထားရှိပေးကာ လောကီအသီးများကို လွှင့်ပစ်၍ ဝိညာဉ်အသီးများကို တပ်ဆင်စေပါသည်။ မိမိတို့၏ အသက်တာသစ် အတွက် တစ်ဖန် ဆက်ကပ်စေခြင်းဖြစ်ရာ အလွန်ကောင်းမွန်သော အစီအစဉ်ဖြစ်ပါသည်။ ဆက်ကပ်ခြင်းဝတ် အစီအစဉ်ကို Rev. ရိုဆန်းကောင်းကြီးပေးခြင်းဖြင့် အဆုံးသတ်ကြပါသည်။
အသင်းချုပ် ဝန်ထမ်း စုစုပေါင်း (၈၁)ဦး တက်ရောက်ပါဝင်ခဲ့ကြပါသည်။

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်