၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၂-၁၃)ရက်များတွင် နှစ်ခြင်းအသင်းချုပ် ခရစ်ယာန်ဓမ္မပညာဌာနမှ ဦးဆောင်၍ နှစ်ရက်တာ “ နွေဥတု သင်ခနိးစာ လက်တွေ့သင်ကြားခြင်း” အစီအစဉ်ကို အသင်းချုပ် ကူရှင်ခန်းမတွင် သော်လည်းကောင်း၊ အတန်းလိုက် အခန်းခွဲ၍ အစည်းအဝေးခန်းများတွင်လည်းကောင်း ပြုလုပ်ရာ အဖွဲ့ချုပ်နှင့် အသင်းတော် အသီးသီးမှ ဓမ္မပညာ ဆရာ ဆရာမပေါင်း (၁၂၀)ကျော် တက်ရောက် ပါဝင်ခဲ့ပါသည်။