မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် MIT ၏ဘွဲ့နှင်းသဘင်
မတ် 13, 2019
Asia Sunday 2019 အာရှတနင်္ဂနွေ
ဧပြီ 8, 2019

သခင်ယေရှု ကားတင် အသတ်ခံရအပြီး၊ (၃)ရက်မြောက်နေ့တွင် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ဆင်ယင် ကျင်းပ ဝတ်ပြုသည်ကို “ အီစတာ” ဟုခေါ်သည်။ ဤသို့ဖြစ်မည်ကို ကြိုတင်ပြောကြားဟောကိန်းထုတ်ခဲ့သည်ကို ဟေရှာယအနာဂတ္တိကျမ်းတွင် တွေ့မြင်နိုင် သည်။ “ ထိုသူသည် ငါတို့ လွန်ကျူးခြင်း အပြစ်များကြောင့် နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ငြိမ်သက်ခြင်း ချမ်းသာ ကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏။ ငါတို့ ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက် ကိုယ့်လမ်းသို့ အသီးသီး လိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရား သည် ခပ်သိမ်းသောငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။” (ဟေရှာယ ၅၃း၅-၆)
အီစတာမတိုင်မီ ခရစ်ယာန် ဝါတွင်းကာလတွင် ပြန်လည်အောက်မေ့သတိရခြင်း၊ နောင်တသံဝေဂရခြင်းအတွက် မိုမို အချိန်ယူသူများ ရှိကြသည်။ ပြာဗုဒ္ဓဟူးနေ့Ash Wednesday တွင် Lent ကာလစတင်ပြီး၊ Good Friday မဟာသောကြာကြီးနေ့ဖြစ်သော သခင်ယေရှု အသတ်ခံရသောနေ့တွင် ပြီးဆုံးသည်။ ရက်(၄၀) ဝါတွင်းကာလ သတ်မှတ်ခြင်းကို ဣသရေလ၊ မောရှေ၊ ဧလိယ၊ သခင်ယေရှုတို့ ကန္တာရ တောအရပ်၌ ရက်(၄၀) အချိန်ယူခြင်း ပုံစံကို ပုပ်ရဟန်းမင်း Pope Gregory I က နမူနာယူ အသုံးပြုခြင်း ဖြစ်သည်။
အီစတာမတိုင်မီ ရက်သတ္တပတ်ကို သန့်ရှင်းမြင့်မြတ်သော ရက်သတ္တပတ် Holy Week ဟု ခေါ်တွင်ကာ သံလွင်ခက်တနင်္ဂနွေ Palm Sunday (သခင်ယေရှု ယေရုရှလင် မြို့အတွင်းသို့ ဝင်ရောက်ခြင်းနှင့် ဆင်ယင်ကျင်းပခြင်းနေ့)၊ Moundy Thursday (ပသခါပွဲ ကျင်းပကာ တပည့်တော် များနှင့် သခင်ယေရှု နောက်ဆုံးညစာစားသောညနေ)၊ မဟာသောကြာကြီးနေ့ (သခင်ယေရှု ကားတိုင်ပေါ် ရိုက်နှက်စီရင်ခြင်း ခံရသောနေ့)တို့ အပါအဝင် ဖြစ်သည်။

မည်သည့်အချိန်က အီစတာ စတင်ခဲ့သနည်း
ကနဦး ခရစ်ယာန်များသည် Nisan (ယခု မတ်၊ဧပြီကာလ) ၏ တစ်ဆယ့်လေးရက်မြောက်နေ့ ဂျူးလူမျိုးများ၏ ပသခါပွဲနေ့တွင် ရှင်ပြန် ထမြောက်ခြင်းကို ဆင်ယင် ကျင်းပခဲ့ကြသည်။ ဂျူးတို့၏ နေ့ရက်ကို ညနေတစ်ခုမှ နောက်ညနေတစ်ခု ဖြစ်သည်ဟု လက်ခံ ထားကြရာ သခင်ယေရှုသည် သူ၏နောက်ဆုံး ညစာကို ပသခါပွဲနေ့အကြို ညနေတွင် ဆင်ယင်ခဲ့ပြီး၊ ပသခါပွဲနေ့တွင် ကားတင် အသတ်ခံ ခဲ့ရသည်။
ဂျူးမဟုတ်သော ခရစ်ယာန် အချို့က အီစတာကို ပသခါပွဲနေ့ နှင့် အနီးကပ်ဆုံး တနင်္ဂနွေနေ့တွင် ကျင်းပသည်။ အထူးသဖြင့် ရောမ အင်ပါယာ၏ အနောက်ဖက်ပိုင်း ဒေသတွင် ဖြစ်သည်။ အများအနေနှင့် ပသခါပွဲ ကျင်းပနေသည့် အတောအတွင်း ရှင်ပြန် ထမြောက်ရာနေ့ အချိန်အပေါ် အခြြေ့ပုကာ ဆက်လက်သွားသည်ဟု ခံစားကြသည်။ နိစိန်ကောင်စီ အရ တနင်္ဂနွေနေ့တွင် ရှင်ပြန်ထမြောက်ခြင်းပွဲကို ကျင်းပရန် လိုကြောင်း၊ ဂျူးလူမျိုးတို့၏ ပသခါပွဲနေ့တွင် မည်သည့် အခါမျှ မဖြစ်ရန် လိုကြောင်း သိရှိရသည်။ နွေဦးကာလ မတ်လ(၂၁)ရက် ပြီးနောက် ပထမ လပြည့်ရက် နောက်တနင်္ဂနွေနေ့ကို အီစတာအဖြစ် သတ်မှတ်သည်။ ထို့ကြောင့် အချို့နှစ်များတွင် ပိုမို ရက်စောနေရခြင်း ဖြစ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်