Easter အီစတာ
မတ် 21, 2019
Sunrise Service
ဧပြီ 8, 2019

“ Stateless and Trafficked People:Our Co-pilgrims နိုင်ငံမဲ့နှင့်ကုန်ကူးခံရသည့်လူများ – ကျွနု်ပ်တို့နှင့်တွဲဖက်ဝတ်ပြု ခရီးသွားသူများ” အဓိကဆောင်ပုဒ်ဖြင့် အာရှတနင်္ဂနွေ ၂၀၁၉ Asia Sunday ကိုးကွယ်ဝတ်ပြုခြင်းအစီအစဉ်ဆောင်ရွက်ကြရန် အာရှ ခရစ်ယာန်ကောင်စီ Christian Council of Asia (CCA) မှ ဆက်သွယ်နှိုးဆော်ထားပါသည်။
ယခုနှစ်အတွက် အဓိက ကျမ်းချက်များမှာ –

ဝတ်ပြုရာကျမ်း ၁၉း၃၄
“ သင်နှင့်အတူ နေသော ဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ ကိုယ်နှင့်အမျှ ချစ်ရမည်။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘ့ူးပြီ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။”

ထွက်မြောက်ရာကျမ်း ၂၃း၉
“ တကျွန်းတနိုင်ငံသားဖြစ်သော ဧည့်သည်ကို မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ခဲ့ဘူးသောကြောင့် ဧည့်သည်၏ စိတ်သဘောကို သိကြ၏။”

ဧဖက် ၂း၁၉-၂၀
“ ထို့ကြောင့် သင်တို့သည် တကျွန်း တနိုင်ငံသား မဟုတ်၊ ဧည့်သည်လည်း မဟုတ်။ သန့်ရှင်းသူတို့၏ အမျိုးသားချင်း ဖြစ်ကြ၏။ ဘုရားသခင်၏ အိမ်တော်သားလည်း ဖြစ်ကြ၏။ အဘယ်သို့နည်း ဟူမူကား တမန်တော်တို့မှစ၍ ပရောဖက်များ တည်းဟူသော တိုက်မြစ် အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက် ရှိကြ၏။”

အာရှ တနင်္ဂနွေနေ့ကို နှစ်စဉ် ပင်တေကုတ္တေပွဲနေ့မတိုင်မီ တနင်္ဂနွေနေ့တွင် ဆင်ယင် ကျင်းပလေ့ရှိပြီး၊ CCA တာဝန်ရှိသူများ ရာထူး အပ်နှင်းခြင်းနှင့် တိုက်ဆိုင် ကျင်းပလေ့ ရှိသည်။ ဤအထူး အစီအစဉ် အားဖြင့် အဖွဲဝင် အသင်းတော်များ နှင့် မိတ်ဖက် အသင်းတော်များ၊ သာသနာ့ အဖွဲ့အစည်းများ ကမ္ဘာတစ်လွှား ရွေးချယ် အဓိက အချက်/ ဆောင်ပုဒ် အကြောင်းကိစ္စအပေါ် စူးစိုက် ထင်ဟပ်ကာ ဝတ်ပြု ကိုးကွယ် ဆုတောင်း ပဌနာပြုပေးရန် ရည်ရွယ်ပေသည်။ အသင်းတော် သာသနာ အဖွဲ့အစည်း များသည် မိမိတို့ ဒေသ အခြေအနေများအရ အဆင်ပြေသလို ဆင်ယင် စောင့်ထိန်းနိုင်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်