Good Friday ဆိုသည်မှာ
ဧပြီ 19, 2019
Integral Mission Training
မေ 10, 2019

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ အမျိုးသမီးဌာန နှစ်ခြင်းအမျိုးသမီးခေါင်းဆောင်မြှင့်တင်ရေးရိပ်သာ၏(၂၅)နှစ်ပြည့် ကျေးဇူးတော် ချီးမွမ်းပွဲ အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ မေလ(၃-၅)ရက်အထိ အလုံရှိ Franc Auditorium တွင် ကျင်းပရာ လူ/ဒေအဖွဲ့ချုပ် များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အမျိုးသမီးများ တက်ရောက်လာကြရာ ကချင်အဖွဲ့ချုပ် (၂၃)ဦး၊ ကရင်အဖွဲ့ချုပ်မှ (၅၀)ဦး၊ MBCU (၆၂)ဦး၊ ချင်းအဖွဲ့ချုပ်မှ(၃၉)ဦး၊ မွန်အဖွဲ့ချုပ်မှ (၂၇)ဦး၊ တီးတိန်အဖွဲ့ချုပ်မှ (၃၀)ဦး၊ ရခိုင်ပြည်နယ် အဖွဲ့ချုပ်မှ (၁၂)ဦး၊ အရှေ့ရှမ်း အဖွဲ့ချုပ်မှ (၂)ဦး၊ ရှမ်းတောင် အဖွဲ့ချုပ်မှ (၃၂)ဦး၊ ရှမ်းမြောက် အဖွဲ့ချုပ်မှ (၁၆)ဦး၊ လီဆူ အဖွဲ့ချုပ်မှ (၂၁)ဦး၊ ရွှေလီရှမ်း အဖွဲ့ချုပ်မှ (၃၉)ဦး၊ လားဟူ အဖွဲ့ချုပ်မှ (၃၈)ဦး၊ အရှိုချင်း အဖွဲ့ချုပ်မှ (၂၃)ဦါ်၊ နာဂအဖွဲ့ချုပ်မှ (၁)ဦး၊ ဝအဖွဲ့ချုပ်မှ (၇)ဦး၊ အာခါ အဖွဲ့ချုပ်မှ ၉)ဦး၊ ယုဒသန် အသင်းတော်မှ (၂၂) ဦး၊ ဧမာနွေလ အသင်းတော်မှ (၃၅)ဦး၊ ပိုးကရင် အဖွဲ့ချုပ်မှ (၅၀)ဦး၊ ပြည်ပမှ (၂၁)ဦး၊ နှင့် သီးခြား ဖိတ်ကြား သူများ (၁၅)ဦး စုစုပေါင်း (၆၀၁) ဦး တက်ရောက်ပါဝင်ခဲ့ပါသည်။ ကျေးဇူးတော် ချီးမွမ်းပွဲ ဖြစ်မြောက်ရေး ဗဟိုကော်မတီ သဘာပတိ အဖြစ် ဒေါက်တာမြင့်မြင့်စန်း၊က ဦးဆောင်ခဲ့ပါသည်။ အစီအစဉ်ကို ၂၀၁၉ခုနှစ်၊ မေလ (၃)ရက်နေ့ ညနေ(၅း၀၀)နာရီတွင် ရိပ်သာဆောင်အရှေ့တွင် ဖဲကြိုးဖြတ် စတင်ဖွင့်လှစ်ခဲ့ရာ သဘာပတိအဖြစ် အသင်းချုပ် အမျိုးသမီးဌာန တာဝန်ခံ ဆရာမနန့်ဘက်ဒီထူး၊ သမ္မာကျမ်းစာဖတ်ကြားခြင်းကို ဌာနသဘာပတိ သိက္ခာတော်ရ ဒေါက်တာမန်ကြွယ်၊ ဆုတောင်းခြင်းကို အသင်းချုပ် ဥက္ကဌ သိက္ခာတော်ရဒေါက်တာမောင်မောင်ရင်၊ ဖဲကြိုးဖြတ်ခြင်းကို ဒေါက်တာအက်စတာဗြူ၊ ဒေါက်တာ နော်မေမောင်မောင်၊ ဒေါက်တာမြင့်မြင့်စန်းနှင့် သိက္ခာတော်ရ ဒေါက်တာမောင်မောင်ရင် တို့က ဦးဆောင်ခဲ့ပါသည်။ ထို့နောက် သိက္ခာတော်ရ ဒေါက်တာမောင်မောင်ရင် ကောင်းကြီးပေးပြီး ရိပ်သာဆောင် အတွင်း လှည့်လည်ကြည့်ရှုကြပါသည်။ ဆက်လက်၍ လူ/ဒေအဖွဲ့ချုပ်အလိုက် အလံများကိုင်လျက် Franc Hall သို့ ချီတက်ကြပြီး ညပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပကြပါသည်။ ညပိုင်းအစီအစဉ်တွင် သဘာပတိအဖြစ် ရိပ်သာမန်နေဂျာ နော်တဘိုးရာက ဆောင်ရွက်ပါသည်။ ဆရာမနန့်ဘက်ဒီထူးမှ ဖိတ်ကြားထားသော ပြည်တွင်း၊ ပြည်ပ ဧည့်သည်များနှင့် မိတ်ဆက်ပေးပါသည်။ ပြီးနောက် လူ/ဒေအဖွဲ့ချုပ်များမှ အကများဖြင့် လည်းကောင်း၊ ရန်ကုန်မြို့ပေါ်ရှိ ကရင်နှစ်ခြင်း အသင်းတော်များမှ အမျိုးသမီး အယောက်(၅၀)၏ ချီးမွမ်းသီချင်းဖြင့်လည်းကောင်း ပါဝင် တင်ဆက်ကြပါသည်။ အစီအစဉ်ကို ရခိုင်အဖွဲ့ချုပ် အမျိုးသမီးဌာန တာဝန်ခံ သိက္ခာတော်ရဆရာမ မိုင်ခင်ဝင်းရွှေ ကောင်းကြီးပေးခြင်းဖြင့် ရုပ်သိမ်းခဲ့ပါသည်။
ဒုတိယနေ့အစီအစဉ်ကို နံနက်(၆း၀၀)နာရီတွင် အဆာပြေဖြင့် စတင်ခဲ့ပြီး၊ နံနက် (ရး၀၀-၈း၃၀)နာရီတွင် သိက္ခာောတ်ရ ဒေါက်တာ ခင်ဆွေဦး သမ္မာကျမ်းစာသင်ကြားပေးပါသည်။ ကျေးဇူးတော်ချီးမွမ်း ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို နံနက် (၉း၀၀)နာရီတွင် စတင်ခဲ့ပြီး၊ သဘာပတိအဖြစ် မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန် အသင်းတော်များ အဖွဲ့ချုပ် အမျုးိသမီးအသင်းကြီး၏ တာဝန်ခံ ဆရာမ ဒေါ်မာလာသိန်း၊ ကြိုဆိုနှုတ်ခွန်းဆက်ခြင်းကို ဒေါက်တာမြင့်မြင့်စန်း၊ သော့ချက်မိန့်ခွန်း ပြောကြားခြင်းကို သိက္ခာတော်ရ ဒေါက်တာ မောင်မောင်ရင်၊ သမိုင်းကြောင်း တင်ပြခြင်းကို ဒေါက်တာ နော်မေမောင်မောင်၊ ဒေသနာဝေငှခြင်းကို မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်မှ သိက္ခာတော်ရ ဒေါက်တာ ခင်ကြူကြူ အထူးဆုတောင်းခြင်းကို သိက္ခာတော်ရဒေါက်တာနော်ဖောဂေါနှင့် နံနက်ပိုင်းအစီအစဉ်အတွက် ကောင်းကြီးပေးခြင်းကို သိက္ခာတော်ရဆရာယော်လားတို့က ဦးဆောင်ခဲ့ပါသည်။ အိန္ဒိယနာဂဧည့်သည်များမှ ဂုဏ်တော် ချီးမွမ်းခြင်းဖြင့်လည်းကောင်း၊ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် ဂုဏ်ပြုလက်ဆောင်ပေးခြင်းကို သိက္ခာတော်ရ ဒေါက်တာ မန်ကြွယ်နှင့် ဒေါက်တာမြင့်မြင့်စန်းတို့ ကလည်းကောင်း ဆောင်ရွက်ပေးခဲ့ပါသည်။ နေ့လည် ၁၂း၃၀ နာရီတွင် နေ့လည်စာကို အတူတကွ စားသုံးကြပြီး၊ နေ့လည်ပိုင်းအစီအစဉ်ကို မွန်းလွဲ (၁း၀၀)နာရီတွင် ပြန်လည်စတင်ခဲ့ပါသည်။ ခေတ်သစ်ငွေကြေး စနစ်တကျ စီမံခန့်ခွဲ သုံးစွဲနည်း ခေါင်းစဉ်ဖြင့် သင်ခန်းစာကို ဆရာကိုသူလိုင်ထွန်းမှ လည်းကောင်း၊ မွန်းလွဲ (၃း၀၀)နာရီတွင် ဒုက္ခအခက်အခဲများမှ ရုန်းထွက်ခြင်းသင်ခန်းစာကို ဆရာမနော်ဘလူးမင်းနိုက်ဇံမှလည်းကောင်း သင်ကြားပေးပါသည်။ သင်ခန်းစာများ သင်ကြားပြီးနောက် ချင်းမိုင်ကရင်ညီအစ်မများမှလည်းကောင်း၊ အိန္ဒိယနာဂ ညီအစ်မများမှလည်းကောင်း ဂုဏ်တော်ချီးမွမ်းခဲ့ပါသည်။ ထို့နောက် ပွဲတော်အတွက် ထုတ်ဝေထားသော တီရှပ်များဖြင့် စုပေါင်းဓာတ်ပုံ ရိုက်ကြပါသည်။ ညနေ(၅း၀၀)နာရီတွင် ညနေစာအတူတကွ သုံးဆောင်ကြပြီး ခေတ္တ အနားယူကြပါသည်။ ညနေပိုင်းအစီအစဉ်ကို ညနေ(၆း၀၀)နာရီတွင် ပြန်လည် စတင်ခဲ့ရာ အစီအစဉ်မှူး အဖြစ် အသင်းချုပ် အမျိုးသမီးဌာန ရုံးအုပ် ဆရာမ မိုင်ရုသ်လွန်းဦးဆောင်ပြီး လူ/ဒေအဖွဲ့ချုပ်များမှ တင်ဆက်ပြီး Rev. Dr. Leslie Turley ကောင်းကြီးပေးခြင်းဖြင့် ရုပ်သိမ်းခဲ့ပါသည်။
တတိယနေ့ အစီအစဉ်တွင် မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် ကထိက သိက္ခာတော်ရ ဒေါက်တာ အေးနွယ်က သမ္မာကျမ်းစာ သင်ကြားပါသည်။ နံနက်(၉း၀၀)နာရီအချိန် ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို သဘာပတိအဖြစ် ဆရာမ ဗစ်တိုးရီးယားပွီး၊ သမ္မာကျမ်းစာ ဖတ်ကြားခြင်းကို ဆရာမဒေါ်မေအုံးညွန့်ဝေ၊ နှုတ်ကပတ်ောတ်ဝေငှခြင်းကို Nagaland Baptist Church Council မှ vice president – Mrs. Kakhell Inato Jimomi၊ သံစုံ(၁၀၀)သီဆိုချီးမွမ်းခြင်းကို ဧမာနွေလအသင်းတော်၊ အထူးဆုောတင်းခြင်းကို အသင်းချုပ် ဘဏ္ဍာထိန်း ဆရာမနန်းသူဇာမွန်း၊ ကမ္ဘာ့နှစ်ခြင်းသို့ လက်ဆောင်ပေးခြင်းကို ပွဲောတ်ဖြစ်မြောက်ရေး ဗဟိုကော်မတီ ဘဏ္ဍာထိန်း ဆရာမနန့်သင်းသင်းစိုးနှင့် သဘာပတိ ဒေါက်တာမြင့်မြင့်စန်းကို့က ဦးဆောင်ခဲ့ပါသည်။ ထို့နောက် ပွဲတော်မင်္ဂလာ ပေးခြင်း အစီအစဉ်တွင် လူ/ဒေအဖွဲ့ချုပ်များမှ သိက္ခာတော်ရဆရာမကြီးများဦးဆောင်ပြီး သိက္ခာောတ်ရဆရာမ ဒေါ်သန်းသန်းဌေး ကောင်းကြီးပေးခြင်းအားဖြင့် နှစ်ခြင်းအမျုးိသမီးခေါင်းဆောင်မြှင့်တင်ရေးရိပ်သာ (၂၅)နှစ်ပြည့် ကျေးဇူးးတော်ချီးမွမ်းပွဲတော်ကြီးကို အောင်မြင်စွာရုပ့်သိမ်းခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်