အသင်းချုပ် (၁၇၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့ အစည်းအဝေး
ဇွန် 8, 2019
“ မြေ နှင့်ဆိုင်ရာ ဥပဒေများ နှင့် ပြည်သူတို့၏အခွင့်အရေး”
ဇွန် 13, 2019

နှစ်စဉ်ပြုလုပ်နေကျ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အစီအစဉ်ကို မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီ MCC နှင့် နှစ်ခြင်းအသင်းချုပ် MBC တို့ ပူးပေါင်း၍ ၅.၆.၂၀၁၉ ဗုဒ္ဓဟူးနေ့ နံနက်(ရး၀၀)နာရီအချိန် နှစ်ခြင်း အသင်းချု့်ဝင်းတွင် နှစ်ခြင်း အသင်းချုပ် ဥက္ကဌ Rev. Dr. ဦးမောင်မောင်ရင် ဆုတောင်းဆက်ကပ်လျက် ဒုဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက် အထွေထွေအတွင်းရေးမှူး၊ ဘဏ္ဍာထိန်း၊ လူမျိုးစုနှင့် ဒေသန္တရ အဖွဲ့ချုပ်များမှ ဥက္ကဌများ အထွေထွေအတွင်းရေးမှူးများ နှင့် အသင်းချုပ် အမှုဆောင်အဖွဲ့ဝင်များ သစ်ပင်စိုက်ပျိုးခြင်းဖြင့် စတင်ခဲ့ပါသည်။ နံနက် ၈း၀၀ နာရီအချိန် အသင်းချုပ်အောက့်မေ့ဖွယ်ခန်းမတွင် တက်ရောက်လာသူများ မှတ်ပုံတင်ခြင်းနှင့် အမှတ်တရ တီရှပ်များ ပေးဝေခဲ့ပြီး၊ နံနက်စာအဆာပြေမုန့်ဟင်းခါး စားသုံးကြပါသည်။ နံနက် (၉း၀၀-၉း၃၀)နာရီ အချိန်တွင် အသင်းချုပ် CSSDD ဌာန တာဝန်ခံ Rev. မန်းအောင်ဇော်မိုးက မိတ်ဆက်စကား ပြောကြားခဲ့ပြီး၊ MCC CSSDD ဌာန သဘာပတိ ဆရာဂျာနောက နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ ထို့နောက် ဝတ်ပြု ကိုးကွယ်ခြင်း အစီအစဉ် စတင်ခဲ့ပြီး၊ MCC အထွေထွေအတွင်းရေးမှူး Rev. မန်းပါမာစတန်က တိုက်တွန်းခွန်အားပေးလျက် အထူးဆုတောင်း ပေးပါသည်။ ဆက်လက်၍ World Environment Day အကြောင်း ဝေငှခြင်းနှင့် ဆွေးနွေးခြင်းကို လီဆူနှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Rev. ပီတာက ဦးဆောင်ခဲ့ပြီး၊ တက်ရောက်လာသူများ အတူတကွ သစ်ပင် စိုက်ပျိုးကြကာ နေ့လည်စာ အတူတကွစားသုံးလျက် မိုးရွာသောကြောင့် သစ်ပင် ထပ်မံ မစိုက်ပျိုးတော့ဘဲ အစီအစဉ်ကို ရုပ်သိမ်းခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်