ခေါင်းဆောင်မူ့သင်တန်း
ဇွန် 14, 2019
Celebrating Family & Child Protection training of facilitator
ဇူလိုင် 3, 2019

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် တနင်္လာနေ့ နံနက် ဝတ်ပြုခြင်းတွင် ၁၇.၆.၂၀၁၉ တနင်္လာနေ့ နံနက် (၉း၀၀)နာရီအချိန် ကူရှင်ခန်းမတွင် ဖခင်များနေ့အထူးဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို ပြုလုပ်ရာ အသင်းချုပ် အမျိုးသားဌာနမှ ဦးဆောင်ခဲ့ပါသည်။ ဧ/သဌာနမှ ခရစ်ယာန်ပြုစုပျိုးထောင်ရေး စီမံကိန်း ဦးစီးမှူး သိက္ခာတော်ရ ဆရာ ရိုဆန်းကို ဒေသနာ ဝေငှရန် အထူးဖိတ်ကြားခဲ့ပြီး သဘာပတိအဖြစ် တွဲဖက်ဌာနတာဝန်ခံ ဆရာလွင်နိုင်ဦး၊ အထူးဆုတောင်းခြင်းကို ဌာနသဘာပတိ ဆရာဆလိုင်းရော်ဂျာ၊ ကောင်းကြီးပေးခြင်းကို ဌာနတာဝန်ခံ သိက္ခာတော်ရဆရာ ဘရန်ဆိုင်းက ဦးဆောင်ခဲ့ပါသည်။ အစီအစဉ် မစတင်မီ Praise and Worship အစီအစဉ်ကို ဆရာ ဂျဒ်ဆင်ညိုနှင့် နန့်မေရတနာရွိုင်းတို့က ဦးဆောင်ခဲ့ကြပြီး၊ အစီအစဉ်တွင်လည်း ဖခင်များအား ဂုဏ်ပြုလျက် တစ်ပင်တိုင်များ အားဖြင့် ဂုဏ်ပြု ချီးမွမ်း သီဆိုခဲ့ကြပါသည်။ ဖခင်များနေ့ ဂုဏ်ပြုစကားကိုလည်း ဆရာမနော်စပယ်ဖြူက မျက်ရည်များဖြင့် ပြောကြားခဲံ့ပါသည်။ ထို့နောက် အသင်းချုပ်က ဌာနအသီးသီးရှိ ဖခင်များကို ပုဆိုးနှင့် ရှပ်အင်္ကျီများကို ဂုဏ်ပြုလက်ဆောင်အဖြစ် ပြင်ဆင်ထားရာ အစီအစဉ်မှူးအဖြစ် ဆရာမနန့်ဘက်ဒီထူးနှင့် အသင်းချုပ်ဘဏ္ဍာထိန်း ဆရာမနန်းသူဇာမွန်က လက်ဆောင်များကို ဌာနအလိုက် ဂုဏ်ပြု ပေးအပ်ခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်