သင်းအုပ်ဆိုင်ရာသင်တန်း (Pastoral Training)
ဇူလိုင် 3, 2019
“ ခရစ်ယာန် ဆက်သွယ်ရေး သင်တန်း”
ဇူလိုင် 5, 2019

၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၅)ရက်နေ့တွင် ကျရောက်သော” The Day of Seafarer” နေ့ကို အထူးပြု၍ နှစ်ခြင်းအသင်းချုပ် အမျိုးသားဌာနက ဦးဆောင်၍ သင်္ဘောသားများမိတ်သဟာရအစီအစဉ်ကို ၂၅.၆.၂၀၁၉ အင်္ဂါနေ့တွင် နံနက် ၈း၀၀ နာရီမှ မွန်းတည့် ၁၂း၀၀ နာရီအထိ အသင်းချုပ်အစည်းအဝေးခန်းမ (၃)တွင် ပြုလုပ်ရာ တက်ရောက်သူပေါင်း (၂၀) ဦးဖြစ်ပါသည်။ ဝတ်ပြုခြင်းကို နံနက် (၉း၀၀)နာရီတွင် စတင်ခဲ့ပြီး သဘာပတိအဖြစ် တွဲဖက် ဌာနတာဝန်ခံ ဆရာလွင်နိုင်ဦး၊ ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားခြင်းကို ဌာန သဘာပတိ ဆရာဆလိုင်းရော်ဂျာ၊ ဒေသနာ ဝေဝှုခြင်းကို အသင်းချုပ် ဘဏ္ဍာထိန်း ဆရာမ နန်းသူဇာမွန်၊ အထူးဆုတောင်းခြင်းနှင့် ကောင်းကြီးပေးခြင်းကို ဌာန ကော်မတီဝင် သိက္ခာတော်ရဆရာ မန်းဒေါက်ကလပ်မှ ဦးဆောင်ခဲ့ပြီး ချီးမွမ်းသီချင်းကို လူငယ်ဌာန တွဲဖက် တာဝန်ခံ ဆရာဂျဒ်ဆင်ညိုက သီဆိုချိးမွမ်းခဲ့ပါသည်။ ဝတ်ပြုခြင်းပြီးနောက် တက်ရောက်လာကြသော သင်္ဘောသားများနှင့် အတူတကွ ဆွေးနွေး တင်ပြခြင်းများဖြင့် နောက်နှစ် အစီအစဉ်အတွက် ပြင်ဆင် ညှိနှိုင်းလျက် နေ့လည်စာ သုံးဆောင်ခြင်းဖြင့် အစီအစဉ်ကို ရုပ်သိမ်းခဲ့ကြပါသည်။

   

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်