စက်ချုပ်သင်တန်း
ဩဂုတ် 16, 2019
“ ပညာရေးဆိုင်ရာ အသိအမြင်ဖွင့် ဟောပြောခြင်း Educational knowledge sharing “
ဩဂုတ် 20, 2019

နှစ်ခြင်းအသင်းချုပ် လူငယ်ဌာနမှ ဦးဆောင်၍ လားဟူ + အာခါ + ၀ လူငယ်ခေါင်းဆောင်များအတွက် Effective Youth Ministry Training ကို ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၃-၁၇)ရက်နေ့ မိုင်းဆတ်မြို့တွင်လည်းကောင်း၊ လားဟူအဖွဲ့ချုပ်နှင့် ပူးတွဲလျက် တာချီလိတ်မြို့တွင် “ ရှာဖွေဖော်ထုတ်ရန် ဝံ့ရဲပါ အလုပ်ရုံဆွေးနွေးပွဲ” D2D (Dare to Discover) Workshop ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၉-၂၀)ရက်များတွင်လည်းကောင်း၊ “ မူးယစ်ရန်စွယ် ကာကွယ်ဖို့ ဝိညာဉ်ရေးရာ တည်ဆောက်စို့” အလုပ်ရုံဆွေးနွေးပွဲ SF4DP(Special Formation for Drug Prevention) Workshop ကို ၂၀၁၉ ခုနှစ် သြဂုတ်လ (၂၂-၂၃)ရက်များတွင် လည်းကောင်း၊ ပြုလုပ်သွားမည်ဖြစ်ပါသည်။
Effective Youth Ministry Training တွင် သင်ကြားပို့ချမည့် သင်ခန်းစာနှင့် ဆရာများ
လူငယ်တို့ မေ့လျော့နေသော အသင်းတော်၏ တန်ဖိုး – Rev. Dr. ရောဘတ်ပွန်း
လူငယ်တို့၏ သဘာဝကို နားလည်ခြင်း – Rev. မရန်ခွန်ဆန်
လူငယ်အစီအစဉ် စီမံခန့်ခွဲမှု – Rev. မရန်ခွန်ဆန်
ဆွဲဆောင်မှုရှိသော လူငယ်အစီအစဉ်များ ရေးဆွဲဖော်ထုတ်ခြင်း – ဆရာဝင်းထွဋ်သာကြည်
အသင်းတော်နှင့် ဝေးကွာနေသော လူငယ်များအား ဂရုပြုလမ်းညွှန်ခြင်း – ဆရာစိုင်းထွန်းထွန်းဦး
How to lead praise and Worship – ဆရာ ဆလိုင်းနေလင်းထွန်း
Youth Counseling – ဆရာ စောသဂေးကွန်း
သမ္မာကျမ်းစာသင်ကြားခြင်း – Rev. စောအောင်သူရ၊ ဆရာ စောသဂေးကွန်း

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်