Disaster Risk Reduction သင်တန်း နှင့် လုပ်ငန်း ပြန်လည် သုံးသပ်ခြင်း
စက်တင်ဘာ 20, 2019
တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ဂုဏ်ထူးရ ကျောင်းသူ ကျောင်းသားများအား ဂုဏ်ပြုခြင်းအစီအစဉ်
အောက်တိုဘာ 16, 2019

အပြည်ပြည်ဆိုင်ရာ မြန်မာနှစ်ခြင်း ခရစ်ယာန်မိတ်သဟာာအဖွဲ့၏ ဒုတိယအကြိမ်မြောက် သာသနာ့လုပ်ငန်းဆွေးနွေးပွဲကြီးကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၂၄-၂၈)ရက်နေ့ များတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Eden garden resort တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဓိကအချက်မှာ “ သန့်ရှင်းသော ဝိညာဉ်တော်၏ သာသနာ” (၁ကော၊ ၂၁၂၊ ၁၃။ ဇာခရိ၊ ၄း၆။ တ ၁း၈) ဖြစ်ပါသည်။
ဖွင့်ပွဲ အစီအစဉ်ကို စက်တင်ဘာလ (၂၄)ရက်နေ့အင်္ဂါနေ့ ည(ရး၀၀)နာရီတွင် ပြုလုပ်ပါသည်။ စက်တင်ဘာလ (၂၅)ရက် ပထမနေ့ အစီအစဉ်ကို နံနက်(ရး၀၀)တွင် အစပြုပြီး သီဆိုချီးမွမ်းခြင်းနှင့် သိက္ခာတော်ရဆရာ စောဝင်းဖေဇင်က အဖွင့်ဆုတောင်းပေးပါသည်။ SSKBMS က ဂုဏ်တော်ချီးမွမ်းပြီးနောက် ဆရာမအေးအေးသော် (USA)က “ ဟောပြောသမျှ ဘုရားသခင်၏ဝိညာဉ်တော်ထံမှ လာရန် ဖြစ်သည်” ခေါင်းစဉ်ဖြင့် ဒေသနာဝေငှပါသည်။ ဆက်လက်၍ နံနက်(၈း၀၀-၉း၀၀)နာရီတွင် သိက္ခာတော် ရဒေါက်တာ လတ်ယေရှဲ (USA)က သန့်ရှင်းသော ဝိညာဉ်တော် ဘုရား၏ အမှုတော်များ ခေါင်းစဉ်ဖြင့် ၁ကော ၂း၁၂-၁၃ ကို အခြေပြု၍ သမ္မာကျမ်းစာ သင်ကြားပေးပါသည်။ ဆက်လက်ပြီး သိက္ခာတော်ရ ဒေါက်တာစိုးသီဟ(PKTS)က စင်ကြယ်သော သြဝါဒဆိုင်ရာခေါင်းစဉ်ဖြင့် တင်ပြကာ အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်ခဲ့ပါသည်။ တင်ပြခြင်း(၂)အဖြစ် ယနေ့ ခရစ်ယာန်တို့ သတိထားရမည့်အန္တရာယ် ခေါင်းစဉ်ဖြင့် ဒေါက်တာဖေမြတ်ဝင်း(စာရးဆရာ) က ဦးဆောင်ခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် တင်ပြချက် များအပေါ် တက်ရောက် လာသူများက ဆွေးနွေးကြပြီး ညနေပိုင်းတွင် ဆွေးနွေးချက်များကို ပြန်လည်သုံးသပ်ခဲ့ကြပါသည်။ လေ့လာရေးခရီးကိုလည်း ပျော်ရွှင်စွာ အတူတကွ သွားရောက်ခဲ့ပါသည်။
စက်တင်ဘာလ (၂၅)ရက် ဗုဒ္ဓဟူးနေ့ ဒုတိယနေ့အစီအစဉ်တွင် နံနက်ပိုင်း ဒေသနာဝေငှခြင်းကို သိက္ခာတော်ရဆရာ ဦးမျီုးမော် (နယူးယောက် မြန်မာနှစ်ခြင်းအသင်းတော်)က စင်ကြယ်သော သြဝါဒများနှင့် ပတ်သက်၍ ဟောပြောခဲ့ပါသည်။ ဆက်လက်၍ သမ္မာကျမ်းစာသင်ကြားခြင်းတွင် ၊ သိက္ခာတော်ရဆရာမန်းစန်းမောင် (တာချိလိတ်)က စင်ကြယ်သော သြဝါဒများနှင့် လွဲမှားသော အယူဝါဒများ ခေါင်းစဉ်ဖြင့် ပို့ချခဲ့ပါသည်။ ထို့နောက် ဥက္ကလန်းဒ်မြန်မာသာသနာနှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရ ဒေါက်တာ လွန်းဝါမှ သမ္မာကျမ်းစာတွင် တွေ့ရသော မိစ္ဆာပရောဖက်များနှင့် ၎င်းတို့၏ သွန်သင်ချက်များ ခေါင်းစဉ်ဖြင့် တင်ပြခဲ့ပါသည်။
သြစတြေးလျ နိုင်ငံ ပါ့သ်မြို့ မြန်မာနှစ်ခြင်းအသင်းတော်မှ Pastor Zaw Win က လွဲမှားသည့် သွန်သင်ခြင်းများကိုရှောင်ရန် နည်းလမ်းများ ခေါ်ငးစဉ်ဖြင့် ဆက်လက် တင်ပြပါသည်။ မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲများမှ ရလဒ်များကို ထုတ်ဖော် ခဲ့ကြပါသည်။ တစ်ဆက်တည်းမှာပင် သိက္ခာတော်ရဒေါက်တာလတ်ယေရှဲဦးဆောင်၍ ဝတ်ပြုကိုးကွယ်ခြင်းနှင့်သက်ဆိုင်သည့် အရေးကြီးသော သတိပြုဖွယ်ရာများ အကြောင်းကိုဗီဒီယိုကလစ်များဖြင့် တင်ဆက်ဝေငှခဲ့ပါသည်။
ညပိုင်းအစီအစဉ်တွင် IMBF ဥက္ကဌဖြစ်သော နှစ်ခြင်းအသင်းချုပ်အထွေထွေအတွင်းရေးမှူး Rev. Dr. ထန်ကျင့်လျန် ဦးဆောင်၍ ဆွေးနွေးပွဲရလဒ်များကို အဖြေရှာကြပြီး၊ နောက်နေ့တွင် ဆက်လက် ကျင်းပမည့် သာသနာ့ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ အကြံပြုချက်များ ရယူခဲ့ပါသည်။ ထို့နောက် အကြိုဆွေးနွေးပွဲသို့ လာရောက်ကြသူများကို ကျေးဇူးတင်စကား ပြောကြားပြီး ဦးဆောင်သူများကို မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း(၉)နိုင်ငံမှ အမှုတော်ဆောင်ယုံကြည်သူ ကိုယ်စားလှယ်များ စုစုပေါင်း (၃၇၅)ဦး တက်ရောက်ခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်