ဒုတိယ အကြိမ်မြောက် သာသနာ့ လုပ်ငန်း ဆွေးနွေးပွဲ
အောက်တိုဘာ 4, 2019
Science of Early Child Development ( SECD) Training
အောက်တိုဘာ 22, 2019

မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် ခေါင်းဆောင်မြှင့်တင်ရေး အစီအစဉ် ဌာနမှ ကြီးမှူး၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ဂုဏ်ထူးရ ကျောင်းသူ ကျောင်းသားများအား ဂုဏ်ပြုခြင်းအစီအစဉ်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁၂)ရက် စနေနေ့ နံနက်(၁၀း၀၀)နာရီအချိန် အသင်းချုပ် ကူရှင်ခန်းမတွင် ပြုလုပ်ရာ ဖိတ်ကြားထားသော ဧည့်သည်များ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘများ တက်ရောက်ပါဝင်ခဲ့ပါသည်။
ပထမပိုင်း ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်တွင် သဘာပတိအဖြစ် ဌာနသဘာပတိ ဒေါက်တာနော်လေးထူး၊ အဖွင့် ဆုတောင်းခြင်းကို ဌာနကော်မတီဝင် ဗိုလ်မှူးဦးတင့်ဆွေ (ငြိမ်း)၊ တိုက်တွန်းခွန်အားပေးခြင်းကို အသင်းချုပ် ဘဏ္ဍာထိန်း ဆရာမ နန်းသူဇာမွန်၊ အထူး ဆုတောင်းခြင်းကို သိက္ခာတော်ရဆရာ စောမြမင်းလွင်၊ ကောင်းကြီးပေးခြင်းကို သိက္ခာတော်ရ ဒေါက်တာ စောအယ်သောတို့က ဦးဆောင်ခဲ့ပါသည်။
ဒုတိယပိုင်းအစီအစဉ်ကို သဘာပတိအဖြစ် ဆရာမ ဒေါ်မေတင်ဦးက ဆောင်ရွက်ပြီး၊ ပညာရေး ဟောပြောဝေငှခြင်းကို သပြေ ပညာရေး ဖောင်ဒေးရှင်းမှ ဒေါက်တာဇင်မာဦးက ပညာရေး ရွေးချယ်မှုများဆိုင်ရာ အခွင့်အလမ်းများ အကြောင်းကို ဝေငှခဲ့ပါသည်။ ဆက်လက်၍ ဆရာမများကို မေတ္တာ လက်ဆောင် ပေးအပ်ခြင်းနှင့် ထူးခွန်ကျောင်းသူကျေင်းသားများအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်းအစီအစဉ်ကို ဌာန တာဝန်ခံ သိက္ခာတော်ရ ဆရာ အိုက်နပ်တောင်းနှင့် ဆရာမသဇင်ဌေးတို့က ဦးဆောင်ခဲ့ပါသည်။
အစီအစဉ်အပြီးတွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြပြီး နေ့လည်စာ ကြက်ဆီထမင်းကို ဆရာမ ဒေါ်မေတင်ဦးက ဆုတောင်း ဆက်ကပ်လျက် တည်ခင်းဧည့်ခံခဲ့ပါသည်။

           

   

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်