“ ယနေ့မီဒီယာနှင့် စိန်ခေါ်နေမှုများ”
ဒီဇင်ဘာ 16, 2019
“ အသင်းတော်အတွက် အသံချဲ့ ဆက်သွယ်ရေး သင်တန်း”
ဒီဇင်ဘာ 16, 2019

နှစ်ခြင်းအသင်းချုပ်၊ ခရစ်ယာန်ဆက်သွယ်ရေး‌ဌာနမှ ဦးဆောင်၍ “ တင်ဆက်အသိ‌ပေးခြင်းနည်းနာသင်တန်း Presentational Skills Training” ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ(၇)ရက် စနေနေ့ နံနက်(၈း၀၀)နာရီမှ မွန်းလွဲ (၁း၃၀)နာရီအထိ အသင်းချုပ် အစည်းအဝေးခန်းမ (၃)တွင် ပြုလုပ်ခဲ့ပါသည်။ သင်တန်းကို နံနက်(၈း)နာရီတွင်
အစပြုခဲ့ပြီး အမှာစကားပြောကြားခြင်းကို အသင်းချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူး Rev. Dr. ရောဘတ်ပွန်း၊
အထူးဆုတောင်းခြင်းကို ဌာနသဘာပတိ Rev. စောမြမင်းလွင်တို့က ဦးဆောင်ကာစတင်ဖွင့်လှစ်ခဲ့ပါသည်။
ဝေငှသူ မှာ ဆရာစောစေးထူး (MEDA)ဖြစ်ပြီး၊
1. Effective Public Speaking
2. Objective Setting
3. Training Facilitation တို့ကို အဓိကထား၍ ဝေငှပို့ချခဲ့ပါသည်။
တက်ရောက်သူများမှာ
ကရင်၊ မြန်မာ၊ မွန်၊ ပိုးကရင်၊ လားဟူ၊ အာခါ၊ ချင်းနှစ်ခြင်း၊ တေလေဂူ၊ ရှမ်း၊ ရခိုင်အဖွဲ့ချုပ်တို့မှ (၂၀)ဦးခန့် ဖြစ်ပါသည်။ သင်တန်းမှာ တင်ပြခြင်း၊ ဝေငှခြင်း၊ သင်တန်းပေးခြင်း၊ ဟောပြောခြင်းများအတွက် အလွန်အကျိုးရှိ ထိရောက်ပြီး နောက်နှစ်တွင် အချိန်တိုးလျက် ပိုမိုလုပ်ဆောင်သွားသင့်ကြောင်း သုံးသပ်ကြပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်