EMCDP စီမံကိန်း ပြန်လည် သုံးသပ်ရေး အလုပ်ရုံဆွေးနွေးပွဲ
ဒီဇင်ဘာ 18, 2019
အသင်းချုပ် အုပ်ချုပ်စီမံရေး အဖွဲ့အစည်းအဝေး (၂၀၁၉)
ဇန်နဝါရီ 21, 2020

မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ် အမျိုးသမီးဌာနမှ (၃၃)ကြိမ်မြောက် လူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းဆင်းပွဲ၊ ခရစ်စမတ်အကြို ဝတ်ပြု ကိုးကွယ်ခြင်းနှင့် ဌာနမှ အနားယူမည့်သူများ အတွက် နှုတ်ဆက်ပွဲ အစီအစဉ်ကို ၁၂-၁၂-၂၀၁၉၊ ကြာသပတေးနေ့၊ နံနက်(၉း၀၀)နာရီတွင် နှစ်ခြင်းအမျိုးသမီး ဘက်စုံ ခေါင်းဆောင်မြှင့်တင်ရေး ရိပ်သာ ခန်းမတွင် ကျင်းပခဲ့ပါသည်။
အစီအစဉ်တွင် သဘာပတိအဖြစ် ဒေါက်တာ ဒေါ်စန်းစန်းအောင်၊ အမှာစကား ပြောကြားခြင်းကို ဒေါက်တာ ဦးအောင်ဝင်သိန်း၊ သင်တန်းဆင်းလက်မှတ်နှင့် ဆုချီးမြှင့်ခြင်းကို ဆရာမနော်ပုလဲ၊ အထူးဆုတောင်းခြင်းကို ဆရာမ ဒေါ်ဒေါရစ်စ်၊ တိုက်တွန်း ခွန်အားပေးခြင်းကို အသင်းချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူး Rev. Dr. ရောဘတ်ပွန်း၊ အနားယူ ဝန်ထမ်း (၃)ဦးအား ဂုဏ်ပြုခြင်းကို ဌာန တာဝန်ခံ ဆရာမနန့်ဘက်ဒီထူး၊ ဂုဏ်ပြုစကား ပြောကြားခြင်းနှင့် ကောင်းကြီးပေခြင်းကို ဌာနသဘာပတိRev. Dr. မန်ကြွယ်တို့က ဦးဆောင်ခဲ့ပါသည်။

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်