ကျေးရွာဖွံဖြိုးရေး ကော်မတီ စွမ်းဆောင်ရည် မြှင့်တင်သင်တန်း
မတ် 5, 2020
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အတွက်
မတ် 31, 2020

ကမ္ဘာတစ်ဝှမ်းတွင် ကပ်ရောဂါအဖြစ် သတ်မှတ်ထားသော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ Corona virus Disease 2019 (COVID-19) ကို ကြိုတင် ကာကွယ်ရေးအတွက် နှစ်ခြင်း အသင်းချုပ်မှ (၁၇.၃.၂၀၂၀)ရက်၊ အင်္ဂါနေ့ ညနေပိုင်းတွင် အောက်ပါ အတိုင်း မေတ္တာရပ်ခံ ကြေငြာချက် ထုတ်ပြန် ပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ၁၁.၃.၂၀၂၀၊ ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် ည(၁၁း၁၃)နာရီတွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ(Pandemic)အဖြစ် စတင်ကြေငြာပြီးနောက်၊ (၁၃.၃.၂၀၂၀) သောကြာနေ့တွင် နှစ်ခြင်းအသင်းချုပ် ဦးဆောင်သူများ နှင့် ဌာနတာဝန်ခံများ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပါသည်။ နိုင်ငံတော်မှ ဖိတ်ကြား ထားသော အစည်းအဝေးတွင် တင်ပြရန်များနှင့် ဌာနအသီးသီးမှ ပြုလုပ်မည့် အစီအစဉ်များအတွက် ဆွေးနွေး တိုင်ပင် ညှိနှိုင်းခဲ့ကြပါသည်။
(၁၆.၃.၂၀၂၀)ရက် တနင်္လာနေ့ နံနက်(၁၀း၀၀)နာရီအချိန် နေပြည်တော်တွင် ကျင်းပသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အစည်းအဝေးသို့ အသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး တက်ရောက်ပြီးနောက်၊ (၁၇.၃.၂၀၂၀)အင်္ဂါနေ့ နံနက် (၁၀း၀၀)နာရီအချိန် အသင်းချုပ် ကူရှင်ခန်းမတွင် နှစ်ခြင်းအသင်းချုပ် ဥက္ကဌကြီး နှင့် ဦးဆောင်သူများ၊ ဌာနတာဝန်ခံများ၊ ရန်ကုန်မြို့ပေါ်ရှိ လူမျိုးစုနှင့် ဒေသန္တရ အဖွဲ့ချုပ်များမှ အထွေထွေ အတွင်းရေးမှူးများ၊ ဖိတ်ကြားသူများ စုစုပေါင်း (၂၁)ဦး ပါဝင်သော အရေးပေါ် အစည်းအဝေး တစ်ရပ်ကို နံနက်ပိုင်းတွင် ခေါ်ယူပြီး၊ အသင်းချုပ်မှ ကြေငြာချက် ထုတ်ပြနိုင်ရန် ဆွေးနွေး တိုင်ပင် ဆောင်ရွက်ခဲ့ကြပါသည်။ မွန်းလွဲပိုင်းတွင်လည်း ဌာနတာဝန်ခံများနှင့် အသင်းချုပ် ဦးဆောင်သူများသည် ကြေငြာချက် အမြန်ဆုံး ထုတ်ပြန်နိုင်ရန်နှင့် ရုံးတွင်း စီမံခန့်ခွဲရန်များကို ဆက်လက် ဆွေးနွေး တိုင်ပင် ကြပါသည်။ ဧပြီလ (၃၀)ရက်နေ့အထိ အသင်းချုပ်မှ ဦးဆောင်မည့် သင်တန်း အစီအစဉ်များကို ရွှေ့ဆိုင်းထားရန် ဆုံးဖြတ်ကြပါသည်။
ယုံကြည်သူများ အနေဖြင့်လည်း အထူးဆုတောင်းခြင်းဖြင့် ပါဝင်ကြပါရန်လည်း နှိုးဆော်အပ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်