MBC (181) EC Meeting
နိုဝင်ဘာ 12, 2020
မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (MBC) ၏ သဘောထား ရပ်တည်ချက်
ဖေ‌ဖော်ဝါရီ 8, 2021

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် အထူးအုပ်ချုပ်စီမံရေးအဖွဲ့ အစည်းအဝေး(၂၀၂၀)ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်၊ ကြာသပတေးနေ့ နံနက် (၉း၀၀-၁၂း၀၀)နာရီတွင် Zoom Application ဖြင့် ပြုလုပ်ကျင်းပခဲ့ရာ နှစ်ခြင်း အသင်းချုပ် ဥက္ကဌများ၊ ဦးဆောင်သူများ၊ ဌာနတာဝန်ခံများ၊ သဘာပတိများ၊ လူမျိုးစုနှင့် ဒေသန္တရ အဖွဲ့ချုပ်(၁၈)ဖွဲ့၏ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ တိုက်ရိုက် ဆက်သွယ်သော အသင်းတော်နှစ်ပါးဖြစ်သည့် ဧမာနွေလ အသင်းတော်နှင့် ယုဒသန် အသင်းတော်မှ သင်းအုပ်ဆရာများ၊ ကိုယ်စားလှယ်တော်များ စုစုပေါင်း (၃၀၀)ဦးခန့်ဖြင့် အောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။
COVID 19 ကပ်ရောဂါကြောင့် မူလသတ်မှတ်ထားသည့် ရှမ်းမြောက်အဖွဲ့ချုပ်က အိမ်ရှင်အဖြစ် လားရှိုးမြို့တွင် ကျင်းပမည့် အစည်းအဝေးအစား အထူးအစည်းအဝေးအဖြစ် ခေါ်ယူကျင်းပခဲ့ရခြင်းဖြစ်ပါသည်။

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်