နှစ်ခြင်းအသင်းချုပ် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ ဗဟိုကော်မတီ
ဩဂုတ် 8, 2021
COVID 19 ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုကော်မတီ လုပ်ဆောင်မှုများ
အောက်တိုဘာ 3, 2021

၂၀၂၁ ခုနှစ်အတွင်း အထူးသဖြင့် ကိုဗစ်ရောဂါ ကူးစက်မှုကြောင့် ဘုန်းတော်ဝင်စားသွားကြသည့် ဓမ္မအမှုတော်ဆောင်များ၊ ယုံကြည်သူများ နှင့် အားလုံးတို့ အတွက် နှစ်ခြင်းအသင်းချုပ် မိသားစု အနေဖြင့် မိသားစုများနှင့် ထပ်တူ ဝမ်းနည်း ကြေကွဲပါကြောင်း၊ ကျန်ရစ်သူမိသားစုများအပေါ်  ဘုရားရှင်ထံမှ နှစ်သိမ့်ခြင်း၊ ငြိမ်သက် ခြင်း ဆုကျေးဇူးများ ခံစားရရှိပါစေကြောင်း နှစ်ခြင်း အသင်းချုပ် အနေဖြင့် ဖော်ပြလိုပါသည်။

မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်တွင်လည်း ဧဝံ‌ဂေလိနှင့် သာသနာပြုရေး ဌာနတွင် ဆက်ကပ် အစေခံကြသော တွဲဖက် ဌာနတာဝန်ခံ ဆရာသန်းထိုက်ဟန် သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက် တနင်္ဂနွေနေ့ ည(၈း၄၃)နာရီတွင် ဦးနှောက် သွေးကြောပြတ်ခြင်း ဝေဒနာကြောင့်လည်းကောင်း၊  ဌာနတာဝန်ခံ Rev. စောဝင်းဖေဇင်သည် ဇူလိုင်လ (၁၇)က် စနေနေ့၊ နံနက် (၁း၅၅)နာရီတွင် COVID ရောဂါ ကူးစက်ခံရခြင်းကြောင့်လည်းကောင်း ဘုန်းတော်ဝင်စားသွားပါသည်။

နှစ်ခြင်းအသင်းချုပ် မိသားစု အနေဖြင့် ဌာန တစ်ခုတည်းမှ ဆရာနှစ်ဦးအတွက် အထူးပင် စိတ်ထိခိုက် ကြေကွဲရပါကြောင်း၊ သက်ဆုံးတိုင် ကိုယ်ကျိုးစွန့် အစေခံ ဆက်ကပ်ခဲ့ခြင်းအပေါ် ဂုဏ်ယူ ဝမ်းမြောက် ပါကြောင်း နှင့် ကျန်ရစ်သူ မိသားစု၊ ဇနီး၊ သားသမီးများအပေါ် ဘုရားသခင်ထံမှ ကောင်းကြီးမင်္လာများ ကြွယ်ဝစွာ သွန်းလောင်း ချပေးပါစေရန်နှင့် ဖခင်များကိုယ်စား အတူပါရှိ စောင့်ရှောက် ကာကွယ်ပေးပါစေရန် ဆုတောင်း မေတ္တာပို့သပါသည်။

 

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်