COVID 19 ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုကော်မတီ လုပ်ဆောင်မှုများ
အောက်တိုဘာ 3, 2021
နှစ်ခြင်းအသင်းချုပ် ခရစ်စမတ် ရုံးပိတ်ရက် (၂၁-၁၂-၂၀၂၁ မှ ၅.၁၂.၂၀၂၂ အထိ)
ဒီဇင်ဘာ 21, 2021

ကမ္ဘာ့ပွဲတော်နေ့ (World Communion Day)
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်

သမ္မာကျမ်းစာ၌ ဓမ္မဟောင်းကို ပြန်ကြည့်မည်ဆိုလျှင် ယုဒလူမျိုးတို့၏ ပွဲတော်များစွာကို တွေ့ရှိရပြီး၊ ပွဲတော် တစ်ခုစီတိုင်း၌ ရည်ရွယ်ချက် အဓိပ္ပါယ် ကိုယ်စီ ရှိကြသည်။
ထိုနည်းတူစွာ သမ္မာကျမ်း၌လည်း သခင်ခရစ်တော်နှင့် သူ၏တမန်တော် (၁၂)ပါးတို့ ပဿခါပွဲကို ကျင်းပရာ မုန့်နှင့်စပျစ်ရည်ကို အသုံးပြုလျက် “ငါ့ကို အောက်‌မေ့ဖို့ရာ ဤသို့ပြုကြလော့”ဟူ၍ မိန့်တော်မူ ခဲ့ကြောင်း တွေ့ရသည်။ ယုဒလူမျိုးတို့ ပဿခါပွဲ ကျင်းပခြင်းကို အဲဂုတ္ထုပြည် ကျွန်ခံရာမှ လွတ်‌မြောက် လာခြင်းကို သတိရစေခဲ့သည့်နည်းတူ ပွဲတော်မင်္ဂလာ ကျင်းပရခြင်း၏ အနက် အဓိပ္ပါယ်မှာ သခင်ခရစ်တော်ကို ပြန်လည် သတိရစေသည်။ ထို့ကြောင့် ပွဲတော် မင်္ဂလာ စီရင်ခြင်းကို သခင် ခရစ်တော်အားဖြင့် အပြစ်ငရဲမှ ကယ်တင် ခြင်း ခံရပြီး၊ သေခြင်းမှ အောင်မြင်ခြင်းကို သတိရ အောက်မေ့ဖို့ရန် ဖြစ်သည်။
ဤပွဲတော်မင်္ဂလာ ကျင်းပရခြင်းသည်လည်း သခင်ခရစ်တော် ကောင်းကင်ဘုံသို့ တက်ကြွပြီး၊ တပည့်တော်တို့အား မှာထားခဲ့သည့်နည်းတူ မုန့်နှင့် စပျစ်ရည်အားဖြင့် ခရစ်တော်၏ အသွေးနှင့် အသားကို ပြန်လည် ထိတွေ့ စေသည် သာမက ယနေ့ ထာဝရ အသက်ရှင်ခြင်းကို ပေးနေသော အရှင်အား သတိရသင့် ခြင်းဖြစ်သည်။
ကနဦး အသင်းတော် (The Early Church)တွင် ပွဲတော် မင်္ဂလာကို တနင်္ဂနွေနေ့တိုင်း ကျင်းပပေး ခဲ့သော်လည်း ထိုနောက်ပိုင်း အသင်းတော် များက မိမိတို့နှင့် သင့်လျော် သကဲ့သို့ ကျင်းပ ခဲ့ကြသည်ကို တွေ့ရသည်။ အထူးသဖြင့် နှစ်ခြင်းခရစ်ယာန် အသင်းတော်များက သန့်ရှင်းသော ပွဲတော်မင်္ဂလာကို တစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ် စသည်ဖြင့် ကျင်းပ စီရင်ခဲ့ကြသည်။ ဤသို့ဖြင့် အသင်းတော် တစ်ပါးနှင့် တစ်ပါး ကျင်းပချိန် မညီကြသဖြင့်၊ ခရစ်ယာန် ခေါင်းဆောင်အချို့ တိုင်ပင် ဆွေးနွေးကာ ပွဲတော် မင်္ဂလာနေ့ကို တစ်ချိန်တည်း၊ တညီတညွတ်တည်း၊ ကျင်းပနိုင်ရန်အတွက် “ကမ္ဘာလုံးဆိုင်ရာ ပွဲတော် မင်္ဂလာနေ့” (Worldwide Communion Day)ကို သတ်မှတ် ကျင်းပရန် အဆိုပြု ခဲ့ကြသည်။ အချို့သော နိုင်ငံရှိ အသင်းတော်များက ၎င်းအစီအစဥ်ကို နှစ်သက်၍ စတင်ပြီး ကျင်းပ ပြုလုပ်ခဲ့ကြသည်။
နောက်ပိုင်းတွင် အမေရိကန် နိုင်ငံရှိ အသင်းတော် ခေါင်းဆောင် တစ်ပါး ဖြစ်သော အမျိုးသား အသင်းတော်များ ကောင်စီ (National Council of Churches) က ကမ္ဘာ့ ပွဲတော်နေ့ကို ၁၉၅၀-ခုနှစ် အောက်တိုဘာလ ပထမ အပတ် တနင်္ဂနွေနေ့တွင် စတင်ကျင်းပခဲ့ရာမှ ကမ္ဘာတစ်ဝှမ်းလုံးရှိ အသင်းတော် များကလည်း တညီတညွတ်တည်း သဘောတူ သတ်မှတ်ကြကာ ပြုလုပ် ကျင်းပခဲ့ကြသည်။ ထိုကြောင့် နှစ်စဥ် အောက်တိုဘာလ၏ ပထမအပတ် တနင်္ဂနွေနေ့ကို ကမ္ဘာ့ပွဲတော် မင်္ဂလာနေ့အဖြစ် သတ်မှတ် ကျင်းပပြုလုပ်လာ ခဲ့ကြသည်မှာ ယခုအခါ သက်တမ်းအားဖြင့် ယခု (၇၁) နှစ်ရှိသည့်တိုင်အောင် ပြုလုပ်ဆဲပင် ဖြစ်ကြောင်း သိရပါသည်။

Crd #

Scripture Ideas
Galatians 3:26-29
1 Corinthians 12
Acts 2:43-47

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်