အသုံးချသတင်းရေးသားနည်းသင်တန်း
ဇူလိုင် 12, 2022
“ ဆရာယုဒသန်ပြတိုက် နှင့် မမအဲန်း အထိမ်းအမှတ် သင်္ချိုင်းရင်ပြင်”
နိုဝင်ဘာ 10, 2022

က။ ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွင်းနှင့် ကမ္ဘာအရပ်ရပ်တွင် ကယ်တင်ရှင် သခင်ယေရှု ဘုရား၏ ဝမ်းမြောက်ဖွယ် ကယ်တင်ခြင်း တရားတော် ပြန့်ပွား တည်တံ့ ကြီးပွား တိုးတက်ရေး အတွက် သာသနာပြုရန်နှင့် ထောက်ကူ လမ်းညွှန်အားပေးရန်။

ခ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်းရှိ နှစ်ခြင်း ခရစ်ယာန်တို့သည် စည်းလုံး ညီညွတ် ကြီးပွား တိုးတက်၍ ကောင်းမြတ်သော နှစ်ခြင်း အခြေခံ ယုံကြည်ချက်နှင့် ကျင့်ဝတ်တို့ကို စောင့်ရှောက် ထိန်းသိမ်း ကျင့်စောင့်နိုင်‌ရေး အတွက် ပညာပေးမှု၊ ကူညီမှုနှင့် လမ်းညွှန်မှု ပြုရန်။

ဂ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်းရှိ နှစ်ခြင်းခရစ်ယာန် အသင်းတော်တိုင်းနှင့် တပည့်တော် တိုင်းတို့သည် ဝိညာဉ်ပါရမီ ရင့်ကျက်၍ ကယ်တင်ရှင် သခင်ယေရှုဘုရား၏ သွန်သင် ဆုံးမဩဝါဒ နှင့်အညီ သက်ရှင် ဝန်ထမ်းနိုင်ရေးအတွက် ခရစ်ယာန် ဓမ္မပညာ မြှင့်တင်ရေး၊ ပြန့်ပွားရေးနှင့် ပြုစု ပျိုးထောင်ရေး လုပ်ငန်းများအတွက် ပညာပေးမှု၊ ကူညီမှုနှင့် လမ်းညွှန်မှု ပြုရန်။

ဃ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်းရှိ ခရစ်ယာန် ယုံကြည်ချက်နှင့် ကျင့်သုံးမှုများတွင် အခြေခံအားဖြင့် တူညီလျက် အသင်းတော်ရေး၊ သာသနာရေးတို့တွင် မေတ္တာ သစ္စာဖြင့် အပြန်အလှန် ယိုင်းပင်းခြင်း၊ လက်တွဲလျက် ဓမ္မဝန်ကို ထမ်းဆောင်ခြင်း ပြုနိုင်မည့် အခြားသော ခရစ်ယာန် ဂိုဏ်းဂဏများနှင့် လည်းကောင်း၊ ကမ္ဘာ အရပ်ရပ်ရှိ သာသနာ အဖွဲ့အစည်းတို့နှင့် လည်းကောင်း မိတ်သဟာယ ဖွဲ့လျက်၊ ခရစ်ယာန် သာသနာတော် ပြန့်ပွား၍ ကြီးပွား တိုးတက်ရေး ကိစ္စအဝဝတွင် ပူးပေါင်း ဆောင်ရွက်ရန်။

င။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်းရှိ မှီတင်းနေထိုင်ကြသော နှစ်ခြင်းခရစ်ယာန် ဘာသာဝင် တိုင်းသည် တိုင်းရင်းသား ပြည်သူများ ဖြစ်ကြသည်အတိုင်း၊ တရားတော်နှင့် အညီ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို မေတ္တာ၊ သစ္စာ၊ စေတနာနှင့် သည်ပိုးသည့် နိုင်ငံသားကောင်းများ ဖြစ် စေရန်အတွက် သွန်သင် လမ်းပြဦးဆောင်မှု ပြုရန်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်