ဆဌမအကြိမ်‌မြောက် ဓမ္မအမှုတော်ဆောင်များ နှီးနှောဖလှယ်ပွဲ
ဇန်နဝါရီ 10, 2023
မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်ရုံးဝန်ထမ်းများ ဆုတောင်းခြင်းအစီအစဥ် (MBC Prayer Day)
မေ 29, 2023

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ အုပ်ချုပ်စီမံရေးအဖွဲ့အစည်းအဝေး (၂၀၂၂ ခုနှစ်)ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၁-၁၂)ရက်များတွင် နံနက် (၈:၃၀)မှ ညနေ (၄:၃၀)နာရီ အထိ၊ Zoom online ဖြင့် ပြုလုပ်ခဲ့ပါသည်။

ပထမနေ့တွင် ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ဖြင့် အစပြုခဲ့ရာ သဘာပတိအဖြစ် အမျိုးသမီးဌာနတာ၀န်ခံ ဆရာမ နန့်ဘက်ဒီထူး၊ ဒေသနာနှင့် ကောင်းကြီးမင်္ဂလာပေးခြင်းကို ဓမ္မအမှုတော်ဆောင်များဌာန သဘာပတိ Rev. မိုက်ဇုံကျဲအို တို့က ဦးဆောင်ခဲ့ပါသည်။

ဒုတိယနေ့ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို သဘာပတိအဖြစ် သီသြလော်ဂျီပညာဌာနတာဝန်ခံ Rev. Dr. စောစိုင်းရပ်စ် စိန်၊ ဒေသနာဝေမျှခြင်းကို ခရစ်ယာန်ဓမ္မပညာဌာန သဘာပတိ Dr. ဂျိုးဇက်တို့က ဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးတွင် သဘာပတိများအဖြစ် ဥက္ကဌများဖြစ်ကြသော Rev. Dr. စောဆမ်ဆန်၊ Rev. စောစမ်စန်နှင့် Rev. Dr. အေးနွယ်တို့က ဦးဆောင်ခဲ့ပါသည်။ အထွေထွေအတွင်း‌ရေးမှူး၏စုစည်းတင်ပြခြင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး၏ အစီရင်ခံခြင်းများနှင့် ဘဏ္ဍာ‌ရေးဆိုင်ရာများကို ဘဏ္ဍာထိန်းကလည်းကောင်း၊ အဖွဲ့ချုပ်များနှင့် တိုက်ရိုက်ဆက်သွယ်သော အသင်းတော်(၂)ပါး၏  အစီရင်ခံစာများကို အတွင်းရေးမှူးများနှင့် သင်းအုပ်ကြီးများမှလည်းကောင်း တင်ပြခဲ့ကြပါသည်။

သက်တမ်းပြည့်အနားယူသွားသော CSSDD ဌာနတာ၀န်ခံ Rev. မန်းအောင်ဇော်မိုးနှင့် ရုံးအဖွဲ့မှူး ဆရာမန်းဂီးဒီယံအား ဂုဏ်ပြုခြင်းအစီအစဥ်ကိုလည်း ပြုလုပ်ခဲ့ပါသည်။

လစ်လပ်သွားသောရာထူးနေရာများတွင် အသစ် ခန့်ထားခဲ့ရာ CSSDD ဌာန တာ၀န်ခံ အဖြစ် Rev. Dr. မန်ခန့်ဆုမ်း၊ တွဲဖက်တာဝန်ခံအဖြစ် ဆရာဇီးမွန်၊ စာပေနှင့်ပုံနှိပ်ထုတ်ဝေရေးဌာနတာဝန်ခံအဖြစ် ဆရာစောအယ်ဒီမူး၊ တွဲဖက်တာဝန်ခံ အဖြစ် ဆရာဗန်ဘွဲလျန်၊ တွဲဖက်ဘဏ္ဍာထိန်းအဖြစ် ဆရာစောစိုင်းလတ်မဟူရာဝါးနှင့် ရုံးအဖွဲ့မှူးအဖြစ် ဆရာစောယွာဆို ဂေမူး တို့ဖြစ်ပါသည်။

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်