ယုဒသန်နေ့အကြို စုပေါင်းဝတ်ပြုခြင်း အစီအစဥ်
ဇူလိုင် 8, 2024

မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ ဓမ္မအမှုတော်ဆောင်များဌာနမှ ဦးဆောင်၍ ဓမ္မ အမှုတော်ဆောင်များအတွက် နံနက် (၉း၀၀)နာရီ မှ  ညနေ(၄း၀၀)နာရီအထိ တစ်ရက်တာ သင်တန်းတစ်ရပ်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်၊ ကြာသ ပတေးနေ့တွင် “ ခက်ခဲသော ကာလ၌ အသင်းတော်များ၏ဝန်တာ” ခေါင်းစဥ်ဖြင့် Rev. Dr. အေးနွယ်က ပို့ချ‌ဝေငှခဲ့ပါသည်။ ရန်ကုန်မြို့ပေါ်ရှိ အသင်းတော်များကို လူကိုယ်တိုင် တက်ရောက်ရန် ဖိတ်ကြားထားပြီး၊ အဝေးရှိ ဓမ္မအမှုတော်ဆောင်များအတွက် Zoom Application ဖြင့် ‌ဝေမျှပါသည်။ အိမ်ရှင်အဖြစ် ဖလမ်းနှစ်ခြင်းအသင်းတော်၊ ရန်ကုန်မှ တာ၀န်ယူပြီး၊ နေ့လည်စာကိုလည်း တည်ခင်းဧည့်ခံခဲ့ပါသည်။

နံနက် (၈း၃၀)နာရီတွင် ဓမ္မအမှုတော်ဆောင်များ စတင် ရောက်ရှိ လာကြပြီး၊ နာမည်စာရင်း ထည့်သွင်းကြပါသည်။ အစီ အစဥ်၊ သီချင်းစာရွက်နှင့် ဘောလ်ပင်များ ‌ဝေငှခဲ့ပြီး၊ ပဏာမ တေးသွားကို ဆရာဆလိုင်းနေလင်းထွန်းက တီးခတ်ကာ၊ နံနက်(၉း၀၀)နာရီတွင် ၀တ်ပြု ကိုးကွယ်ခြင်းဖြင့် အစီအစဥ်ကို စတင်ခဲ့ပါသည်။ သဘာပတိအဖြစ် ဌာနတွဲဖက်တာ၀န်ခံ Rev. ဗန်ဒေါ့လျန်၊ အမှာစကား ပြောကြားခြင်းကို ဌာနတာ၀န်ခံ Rev. Dr. စောအယ်သော၊ ကြိုဆို နှုတ်ခွန်း ဆက်ခြင်းနှင့်  ဒေသနာဟောကြား ခြင်းကို ဌာနသဘာပတိနှင့် အိမ်ရှင် ဖလမ်းအသင်းတော် အဖသင်းအုပ်ကြီး Rev. မိုက်ဇုံကျဲအို၊ အထူးဆုတောင်းခြင်းနှင့် ကောင်းချီးမင်္ဂလာ တောင်းခံခြင်းကို Rev. Dr. စောအယ်သောတို့က ဦးဆောင်ခဲ့ပါသည်။

၀တ်ပြု ကိုးကွယ်ခြင်း အပြီးတွင် ခေတ္တ အနားယူပြီးသည့်နောက်၊ Rev. Dr. အေးနွယ်က “ ခက်ခဲသော ကာလ၌ အသင်းတော် များ၏ဝန်တာ” သင်ခန်းစာကို Power Point Presentation ဖြင့် ပို့ချ‌ ဝေငှခဲ့ပါသည်။ သင်ခန်းစာ အပြီးတွင် မေးခွန်း များ မေးမြန်းကာ ဆွေးနွေးခဲ့ကြပြီး၊ အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ မွန်းတည့် (၁၂း၀၀)နာရီတွင် အိမ်ရှင် အသင်းတော်မှ ဧည့်ခံသော ဖွယ်ဖွယ်ရာရာ အထူးပြင်ဆင်ထားသည့် နေ့လည်စာကို အတူတကွ မိတ်သဟာယ ဖွဲ့လျက် မြိန်ယှက်စွာ သုံးဆောင်ကြပြီး၊ ခေတ္တနားကြပါသည်။

မွန်းလွဲ (၁း၀၀)နာရီတွင် အစီအစဥ်ကို ပြန်လည်စတင်ခဲ့ပြီး ဆွေးနွေးရန် အချက်များကို ဖော်ပြလျက်၊ အဖွဲ့ခွဲ ဆွေးနွေးခြင်း၊ အဖွဲ့လိုက် ပြန်လည်တင်ပြခြင်းတို့ ပြုလုပ်လျက်၊ အစီအစဥ်ကို ဆုတောင်းခြင်းဖြင့် ရုပ်သိမ်းခဲ့ပါသည်။

    

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်