ဂိုဏ်းပေါင်းစုံ အမျိုးသား ခေါင်းဆောင်များ မိဿဟာယ အစီအစဉ်
နိုဝင်ဘာ 21, 2024
Logos Studio (၃၅) နှစ်ပြည့် ကျေးဇူးတော်ချီးမွမ်းခြင်းအစီအစဉ်
ဇန်နဝါရီ 18, 2025

မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၊ ဓမ္မအမှုတော်ဆောင်များဌာနမှ ဦးဆောင်၍ ရန်ကုန်‌ရောက် နေရပ်စွန့်ခွာ ဓမ္မအမှုဆောင်များနှင့် တစ်ရက်တာ မိတ်သဟာယဖွဲ့ ဆုတောင်းခြင်း အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၂၅) ရက်၊ တနင်္လာနေ့ နံနက်(၉:၀၀)နာရီမှ ညနေ(၄:၀၀)နာရီအထိ၊ ကူရှင်ခန်းမ၊ နှစ်ခြင်းအသင်းချုပ်တွင် ပြုလုပ်ရာ မှတ်ပုံတင်ခြင်းနှင့် ကြိုဆိုခြင်းကို ဌာနကော်မတီဝင် Rev. မန်းအိုင်ထောင် ဦးဆောင်၍ ဆရာမ နော်စပယ်ဖြူနှင့် အသင်းချုပ်ဝင်း လူငယ်များက ကူညီဆောင်ရွက်ခဲ့ပါသည်။ နံနက် (၉း၀၀)နာရီတွင် ပြင်ဦးလွင် ဖူးအောင်ဒွေး ကျမ်းစာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၏ တ‌ယောသံစုံဖြင့် အစပြုခဲ့ပြီး၊ ဖွင့်ပွဲ ဝတ်ပြုခြင်း အစီအစဥ်ကို ဆက်လက် ပြုလုပ်ရာ၊ သဘာပတိအဖြစ်  ဌာန တွဲဖက်တာဝန်ခံ Rev. ဗန်ဒေါ့လျန်၊ ကြိုဆိုနှုတ်ခွန်းဆက်ခြင်းကို ဘဏ္ဍာထိန်း ဆရာမ နန်းသူဇာမွန်၊ အထူးဆုတောင်း ခြင်းကို Rev. Dr. ဆိုင်မှုန်း၊ ဒေသနာကို ဆရာမကြီး ဒေါ်ကြည်ကြည်ဒင်၊ ကောင်းချီးပေးခြင်းကို Rev. စောအယ်ကော်တို့က ဦးဆောင်ခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာကြသော ရန်ကုန်‌ရောက် အမှုတော်ဆောင်များနှင့် မိတ်ဆက်ခြင်း အစီအစဥ်ကို အဖွဲ့ချုပ် တာဝန်ခံ Rev. မန်းကျော်ဆန်းလင်းက ဦးဆောင်ပြီး၊ ခွန်အားပေးတိုက်တွန်းခြင်းကို ဌာနတာဝန်ခံ Rev. Dr. စောအယ်သော၊ တက်ရောက်လာသူများကလည်း သက်သေခံခြင်းနှင့် ရင်တွင်းစကားများ ပြောကြားခဲ့ကြပါသည်။ ထို့နောက် အဖွဲ့ချုပ်အလိုက် တက်ရောက်လာသူများနှင့် သော်လည်းကောင်း၊ အားလုံး အတူတကွ စုပေါင်း၍သော်လည်းကောင်း ဓာတ်ပုံရိုက်ကူးကြပြီး၊ ရခိုင်ပြည်နယ်အသင်းတော်များ အဖွဲ့ချုပ် ဥက္ကဌကြီး Rev. ဦးဟန်မြင့်က နံနက်ပိုင်း အတွက် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်  မိတ်သဟာယ နေ့လည်စာအတွက် ဆက်ကပ် ဆုတောင်းကာ အားလုံး အတူတကွ ဘူဖေးစနစ်ဖြင့် နေ့လည်စာ စား၍ ခေတ္တ အနားယူကြပါသည်။

နေ့လည်ပိုင်း အစီအစဉ်ကို မွန်းလွဲ (၁:၀၀-၄:၀၀) နာရီတွင် မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီ အထွေထွေ အတွင်းရေးမှူး Rev. မန်းပါမာစတန် ဦးဆောင်၍ အသင်းချုပ်ဝင်း လူငယ်များ၏ ချီးမွမ်း သီချင်းများဖြင့် ပြန်လည် အစပြုကာ ၊  ဆရာမယေ့စင်း ဆုတောင်းခြင်းဖြင့် အစီအစဥ်ကို စတင်ခဲ့ပါသည်။ တိုက်တွန်း ခွန်အားပေး ဝေငှခြင်းများကို Rev. မန်းပါမာစတန်နှင့် ဌာနသဘာပတိ Rev. မိုက်ဇုံကျဲအို၊ စစ်ဘေးရှောင်များအတွက် မေတ္တာကမ်းလက် အစီအစဥ် တင်ပြခြင်းကို ဧသဌာန တာဝန်ခံ Rev. ရိုဆန်းတို့က ဦးဆောင်ခဲ့ပါသည်။ ပြီးနောက် အဖွဲ့များခွဲ၍ တင်ပြခြင်း၊ ဆွေးနွေးခြင်း၊ ဆုတောင်းခြင်းများပြုလုပ်ကာ၊ နေရပ်စွန့်ခွာ အမှုတော်ဆောင်များကို တစ်ပါးလျှင် ကျပ်ငါးသောင်း မေတ္တာပြ ပေးအပ်ခဲ့ပါသည်။ ထို့နောက် အဆာပြေ မုန့်နှင့်အအေး ဝေငှလျက် အစီအစဥ်ကို အဆုံးသတ် ရုပ်သိမ်းခဲ့ပါသည်။ အစီအစဥ် ဖြစ်မြောက် ရေးအတွက် ဝိုင်းဝန်းကူညီ ပေးလှူကြသော အလှူရှင်များ အားလုံးအပေါ်သို့ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ကြွယ်ဝစွာ သွန်းလောင်းချပေးပါစေကြောင်း ဆု‌တောင်းမေတ္တာ ပို့သအပ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်