အုပ်ချုပ်စီမံရေးအဖွဲ့အစည်းအဝေး (၂၀၂၄ ခုနှစ်) နှင့် (၁၂၅) ကြိမ်မြောက် သင်းလုံးကျွတ်အစည်းအဝေး
ဇန်နဝါရီ 18, 2025

နှစ်စဥ်ပြုလုပ်သော နှစ်ခြင်းအသင်းချုပ် ဆုတောင်းရာနေ့ အစီအစဥ်ကို နှစ်ခြင်းအသင်းချုပ်ရုံး၌ ၂၀၂၅ ခုနှစ်၊ ဇန်န၀ါရီလ (၃၁)ရက် သောကြာနေ့ နံနက်(၉း၀၀-၁၂း၀၀)နာရီအထိ ကူရှင်ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ အစီအစဥ်မှူးအဖြစ် တွဲဖက် ဘဏ္ဍာထိန်း ဆရာ စောစိုင်းလတ် မဟူရာ၀ါး၊ သမ္မာကျမ်းစာ သင်ကြားခြင်းကို ရန်ကုန် ကရင် နှစ်ခြင်း ကျမ်းစာကျောင်း မှ ဓမ္မကထိက ဒေါက်တာစောတောဂေး၊ ချီးမွမ်းသီချင်းသီဆိုခြင်းကို ဆရာစရှမွေလနှင့် အဖွဲ့ (နှစ်ခြင်း အသင်းချုပ်ရုံး ချီးမွမ်းခြင်းအဖွဲ့)တို့က ဦး‌ဆောင်ခဲ့ပါသည်။ သမ္မာကျမ်းစာ သင်ကြားခြင်းအပြီးတွင် အမေး အဖြေ ကဏ္ဍ၊ စုပေါင်းဓာတ်ပုံရိုက်ကူးခြင်းနှင့် ခေတ္တနားကြပြီး၊ အဖွဲ့(၅)ဖွဲ့ခွဲလျက် မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အဓိကထား၍ စစ်ဘေးရှောင်များနှင့် နေရပ်စွန့်ခွာသူများ အတွက်၊ စစ်မှုထမ်း ဥပဒေအတွက်၊ ထရမ့် ဥပဒေအတွက်၊ ကိုယ်ခန္ဓာ စိတ် ၀ိညာဥ် ကျန်းမာခြင်း လိုအပ်သူများအတွက်၊ စားဝတ်နေရေး ခက်ခဲသူများအတွက်၊ နှစ်ခြင်းအသင်းချုပ်ရုံး၊ လူဒေအဖွဲ့ချုပ်များ၊ နယ်အဖွဲ့များ၊ အသင်းတော်များ နှင့် ယုံကြည်သူများ အားလုံးအတွက်၊ အသင်းချုပ်ရုံး ၀န်ထမ်း အိမ်ရာ တည်ဆောက်ရေးအတွက်၊ အသင်းချုပ် စည်းမျဥ်းစည်းကမ်း ပြင်ဆင်ရေးအတွက်၊ ယုဒသန်တက္ကသိုလ် ဖွင့်လှစ်နိုင်ရေးအတွက်၊ အမှုတော်ဆောင်များ၊ သာသနာ့ဝန်ထမ်းများ၊ ယုံကြည်သူများ အားလုံး ချစ်ခြင်းမေတ္တာ ပြည့်ဝသော အသက်တာ ရရှိရန် နှင့် အခြားလိုအပ်သော အရာများတို့အတွက် ဆုတောင်းကြပါသည်။  ထို့နောက် ဆရာမ ဂင်မန်၀ုန်က အထူးဆုတောင်းပေးပြီး၊ အစီအစဥ်ကို ဦးဆောင်သော အသင်းချုပ်ရုံး ၀ိညာဥ်ရေးရာ ကော်မတီ သဘာပတိ သိက္ခာတော်ရဆရာ အိုက်နပ်တောင်းက ကျေးဇူးတင်စကား ပြောကြားပါသည်။ ခရစ်ယာန် ဓမ္မပညာ ဌာနမှ နေ့လည်စာ မုန့်ဟင်းခါး၊ အနားယူ အသင်းချုပ် ဥက္ကဌကြီး သိက္ခာတော်ရ ဒေါက်တာဦးမောင်မောင်ရင် မိသားစုက မုန့်ထုပ်များနှင့် ဆရာဉာဏ်‌ဝေထွန်း မိသားစုက အချိုရည်ပုလင်းများကို လှူဒါန်းပေးပါသည်။ အစားအသောက်အတွက် ဆရာစောအယ်ဒီမူးက ဆက်ကပ် ဆု‌တောင်းပြီး၊ သိက္ခာတော်ရဆရာ စောဟယ်ရီစင် ကောင်းချီးပေးခြင်းဖြင့် (၁၂း၃၀)နာရီတွင် အစီအစဥ်ကို ရုပ်သိမ်းခဲ့ပါသည်။ ဆုတောင်း ဆက်ကပ်သူများနှင့် အစာရှောင် ဆုတောင်းသူများ အသင်းချုပ် ၀န်ထမ်း စုစုပေါင်း (၈၀)ဦးခန့် ပါ၀င်ခဲ့ကြပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်