မေ 24, 2019

ပထမအကြိမ် အသင်းတော်ကျောင်း ဆရာ/မများ နှီးနှောဖလှယ်ပွဲ

ရခိုင်ပြည်နယ် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ခရစ်ယာန်ဓမ္မပညာဌာနမှ ဦးဆောင်၍ ပထမအကြိမ် အသင်းတော်ကျောင်း ဆရာ/မများ နှီးနှောဖလှယ်ပွဲ ကို ၂၀၁၉ ခုနှစ် မေလ (၁၃-၁၆)ရက်အထိ အမ်းမြို့ ဇိအုန်နှစ်ခြင်းအသင်းတော်တွင် ပြုလုပ်ခဲ့ပါသည်။
မေ 17, 2019

ဆဌမအကြိမ်မြောက် လူငယ်ခေါင်းဆောင် ဓမ္မညီလာခံ

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ လူငယ်ဌာနမှဦးဆောင်၍ ဆဌမအကြိမ်မြောက် လူငယ်ခေါင်းဆောင် ဓမ္မညီလာခံကို “ ခရစ်တော်၏သံတမန်” ခေါင်းစဉ်ဖြင့် ၂၀၁၉ ခုနှစ်၊ မေလ (၇-၁၁)ရက်အထိ လားရှိုးမြို့ ရှမ်းပြည်နယ် မြောက်ပိုင်း လူမျိုးပေါင်းစုံ ခရစ်ယာန် ကောလိပ်တွင် ရှမ်းမြောက်အဖွဲ့ချုပ်က အိမ်ရှင်အဖြစ် လက်ခံ၍ ကျင်းပရာ လူငယ်ခေါင်းဆောင် စုစုပေါင်း (၃၇၀)ဦး တက်ရောက်ပါဝင်ခဲ့ပါသည်။ […]
မေ 10, 2019

Integral Mission Training

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ ဓမ္မအမှုတော်ဆောင်များဌာန၏ Integral Mission Training ကို ၂၀၁၉ ခုနှစ် မေလ (၇-၉) ရက်အထိ အသင်းချုပ် HOLTI တွင် ပြုလုပ်ရာ World Vision Myanmar မှ ဒေါက်တာတင်ထွန်းဝင်း ပို့ချခဲ့ပါသည်။ လူ/ဒေအဖွဲ့ချုပ် များနှင့် အသင်းတော်များမှ ဓမ္မအမှုတော်ဆောင် စုစုပေါင်း […]
မေ 10, 2019

(၂၅)နှစ်ပြည့် ကျေးဇူးတော် ချီးမွမ်းပွဲ

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ အမျိုးသမီးဌာန နှစ်ခြင်းအမျိုးသမီးခေါင်းဆောင်မြှင့်တင်ရေးရိပ်သာ၏(၂၅)နှစ်ပြည့် ကျေးဇူးတော် ချီးမွမ်းပွဲ အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ မေလ(၃-၅)ရက်အထိ အလုံရှိ Franc Auditorium တွင် ကျင်းပရာ လူ/ဒေအဖွဲ့ချုပ် များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အမျိုးသမီးများ တက်ရောက်လာကြရာ ကချင်အဖွဲ့ချုပ် (၂၃)ဦး၊ ကရင်အဖွဲ့ချုပ်မှ (၅၀)ဦး၊ MBCU (၆၂)ဦး၊ […]