ခရစ်ယာန်ဓမ္မပညာဌာန (Christian Education Department)

အမေရိကန်နှစ်ခြင်းသာသနာပြုအသင်းသည် ၁၉၄၈-ခုနှစ်တွင် ခရစ်ယာန်ဓမ္မပညာ ကော်မတီဖွဲ့စည်း၍ ခရစ်ယာန် ဓမ္မပညာခေါင်းဆောင်သင်တန်းများ အစပြုခဲ့ကြသည်။ ၁၉၆၈-ခုနှစ်တွင် ခရစ်ယာန်ပညာရေးဌာနဟု ခေါ်တွင်ခဲ့ပြီး ၁၉၇၀-ခုနှစ်တွင် ခရစ်ယာန်ဓမ္မပညာဌာနဟု ပြောင်းလဲအတည်ပြုလျက် သိက္ခာတော်ရဆရာ ဦးမောင်မောင်ဟန်အား အချိန်ပြည့် တာဝန်ခံအဖြစ် ခန့်အပ်ခဲ့သည်။

ဌာန၏လုပ်ငန်းအစီအစဉ်များ

၁။ ဌာန၏သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ
၂။ လူ/ဒေအဖွဲ့ချုပ် သင်တန်းများတွင် ပါ၀င်ပ့ံပိုးခြင်း
၃။ အသင်းတော်ကျောင်းနေ့အစီအစဉ်
၄။ နွေဥတုကျောင်းလုပ်ငန်း
၅။ ကလေးသာသနာလုပ်ငန်းအစီအစဉ်
၆။ ခရစ်ယာန်အိမ်ထောင်အစီအစဉ်
၇။ စာပေနှင့်သင်ထောက်ကူ

သဘာပတိ

Dr. မန်းဂျိုးဇက်

တာဝန်ခံ

Rev. စောဟယ်ရီစင်