နှစ်ခြင်းအသင်းချုပ် အထွေထွေအေတွင်းရေးမှူး၊ တွဲဖက် အထွေထွေအတွင်းရေးမှူး၊ ဘဏ္ဍာထိန်း၊ ဌာနတာဝန်ခံများ၊ တွဲဖက် တာဝန်ခံများနှင့် လက်ထောက် တာဝန်ခံများသည် ပြင်ဆင်ရေးဆွဲနေဆဲ ဖြစ်သော နှစ်ခြင်းအသင်းချုပ်၏ အခြေခံ စည်းမျဉ်း စည်းကမ်း နှင့် အသင်းချုပ် ပစ္စုပ္ပန်နှင့်အနာဂတ်စီမံကိန်းများအတွက် Tearfund နှင့် တွဲဖက်လျက် ညှိနှိုင်း ဆွေးနွေး ရေးဆွဲရေး အစီအစဉ်ကို ၂၀၁၉ ခုနှစ် သြဂုတ် (၂၇-၂၉)ရက်အထိ ပုဂံမြို့ Lotus Hotel တွင် ပြုလုပ်ခဲ့ကြပါသည်။ ချီးမွမ်းခြင်း သမ္မာကျမ်းစာ သင်ကြားခြင်း၊ တင်ပြခြင်း အတူတကွ မိတ်သဟာယဖွဲ့ခြင်း ဆုတောင်းခြင်း နှင့် လေ့လာရေးအစီအစဉ်များ ပါဝင်ပါသည်။
ပထမအကြိမ် နှစ်ခြင်းအသင်းချုပ် အခြေခံ စည်းမျဉ်းစည်းကမ်းများ (ရုံးလက်စွဲသုံးသပ်ပြုပြင်ရေးဆွဲခြင်း) ပြင်ဆင် ရေးဆွဲခြင်း အစီအစဉ်ကို နေပြည်တော်ရှိ Emerald Palace Hotel တွင် ၂၀၁၉-ခုနှစ် ဇူလိုင်လ(၂၅-၂၇) ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစီအစဉ် အတွက် တည်းခိုရန်နေရာနှင့် ဧည့်ခံကျွေးမွေးခြင်းကို မေတ္တာ စေတနာဖြင့် “ ဦးလထော်ခွန်မြတ်+ ဒေါ်လမိုင်ဘောက်တောင်မိသားစု” မှ ကူညီပံ့ပိုးပေးခဲ့သည့်အတွက် နှစ်ခြင်းအသင်းချုပ်မှ ကျေးဇူးတင်လျက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။