စာပေဟောပြောပွဲအစီအစဉ်
ဇွန် 25, 2018
မုတ်သုံသမ္မာကျမ်းစာသင်တန်း
ဇူလိုင် 2, 2018

၂၀၁၈-ခုနှစ်၊ ဇွန်လ (၂၃)ရက် စနေနေ့ နံနက်(၉း၀၀)နာရီတွင် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန် အသင်းချုပ်၊ အမျိုးသားဌာနမှ ဦးဆောင်၍ “ သင်္ဘောသားများ မိတ်သဟာယအစီအစဉ်” ကို အသင်းချုပ် ကူရှင်ခန်းမတွင် ပြုှုလုပ်ရာ အစီအစဉ်ကို နံနက်စာဖြင့် စတင်ခဲ့ပြီး၊ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်တွင် သဘာပတိအဖြစ် ဦးဆင်ဝါးနော်၊ ကြိုဆိုနှုတ်ခွန်းဆက်ခြင်းကို ဌာနသဘာပတိ ဆရာဆလိုင်းရောဂျာ၊ ဒေသနာဝှေခြင်းနှင့် ကောင်းကြီးပေးခြင်းကို အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး Rev. Dr. ရောဘတ်ပွန်းတို့က ဦးဆောင်ခဲ့ပါသည်။ တက်ရောက်လာသူပေါင်း (၂၀)ဦးခန့်ရှိပြီး ဤအစီအစဉ်သည် တတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပါသည်။ ဌာနတာဝန်ခံ ဆရာ ဘရန်ဆိုင်းဦးဆောင်၍ တက်ရောက်လာသူများ တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြုလုပ်သော အစီအစဉ်အပေါ် ဆွေးနွေးသုံးသပ်ဝေငှကြပါသည်။ ဆက်လက်၍လည်း လုပ်သင့်/မလုပ်သင့်၊ အနာဂတ် ဌာနလုပ်ငန်းစဉ်တွင် ထည့်သွင်း ရေးဆွဲသင့်/မသင့် ဆွေးနွေးကြရာ၊ ဆက်လက်လုပ်ဆောင်သင့်ကြောင်းနှင့် ပိုမိုထိရောက်အောင်မြင်ရန် ဖိတ်ကြားမှုများ လိုအပ်ကြောင်း၊ ပါဝင်သူများအနေနှင့်လည်း ဌာနကို ပံ့ပိုးကူညီပေးကြရန်နှင့် ပူးပေါင်းပါဝင်အကြံဉာဏ်များ ပေးကြရန် လိုအပ်ကြောင်း ဆွေးနွေးဆုံးဖြတ်ကြပါသည်။ မွန်းတည့်(၁၂း၀၀)နာရီတွင် အစီအစဉ်ကို ရုပ်သိမ်းကြပြီး နေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်