“ သင်္ဘောသားများ မိတ်သဟာယအစီအစဉ်”
ဇွန် 25, 2018
“ သင်းအုပ်ဆိုင်ရာသင်တန်း (Pastoral Training)”
ဇူလိုင် 5, 2018

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ အမျိုးသားဌာနမှ ကြီးမှူးလျက် ၂၀၁၈-ခုနှစ် ဇွန်လ(၃၀)ရက်မှ စက်တင်ဘာလ((၂၉)ရက်နေ့အထိ အပတ်စဉ် စနေနေ့တိုင်း နံနက် (၉း၀၀)နာရီမှ မွန်းလွဲ(၁း၀၀)နာရီအထိ အသင်းချုပ် အောက်မေ့ဖွယ်ခန်းမတွင် ပြုလုပ်သော မုတ်သုံသမ္မာကျမ်းစာသင်တန်း ဖွင့်ပွဲအစီအစဉ်ကို ဇွန်လ(၃၀)ရက်နေ့တွင် ပြုလုပ်ရာ သဘာပတိအဖြစ် ဌာနသဘာပတိ ဆရာဆလိုင်းရောဂျာ၊ အထူးဆုတောင်းခြင်းကို ဌာနတာဝန်ခံဟောင်း Rev. နိုင်မြသီ နှင့် ဖွင့်ပွဲတရားဒေသနာကို နှစ်ခြင်းအသင်းချှုုပ်၏ အထွေထွေအတွင်းရေးမှူး Rev. Dr. ရောဘတ်ပွန်းက *နိုင်ငံတည်ဆောက်ရာ၌နိုင်ငံသားကောင်းအဖြစ်ပါဝင်ခြင်း*(မ ၅:၁၄-၁၆)ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း ဝေငှခဲ့ပါသည်။
ဘယ်လိုပုံစံအသက်ရှင်ရမလဲ?
သင်တို့သည် ဤလောက၏အလင်း၊ အလင်းကဲ့သို့အသက်ရှင်ရမည်။
အလင်း>>ဘယ်လိုဖေါ်ပြမလဲ?
ကောင်းသောအကျင့် ကျင့်ခြင်းဖြင့််သက်သေပြဖို့လိုသည်။
ဘယ်လိုအကျင့်မျိ ုးလဲ?
*ဖြောင့်မတ်ခြင်းအသက်တာဝတ်ဆင်ဖို့လိုသည်။
နောဧအသက်တာ>>ဖြောင့်မတ်သောသူဖြစ်၏စုံလင်/မကောင်းသောအကျင့်ကိုရှောင်နိုင်သူဖြစ်သည်။
(ဘုရားမှတ်ချက်ပေး)
အာဗြံဟံ (က ၁၈)တွင် သောဒုံ ဂေါမောရ
ယောဘ >>စုံစမ်းခြင်းကိုခံနိုင်/အောင်နိုင်သူ
(မ ၅:၁၀)
*နာခံခြင်းအသက်တာရှိဖို့လိုသည် (ဖိ ၂:၁၂)
နှုတ်ကပတ်တော်/တရားတော်အတိုင်းတည်နေသောအသက်တာ (က ၆:၂၂)
ပညတ်တော်(၂)ချက် (မ ၂၂)
၁။ ဘုရားကိုချစ်ရမည်၊
၂။ တပါးသူကိုချစ်ရမည်၊
ဘုရားအလိုတော်ဝန်ခံပါ( ယော ၆:၃၈ လု ၂:၃၀)
ဘုရားသခင်အလိုတော်အတိုင်းလုပ်ဆောင်အသက်ရှင်ရအောင် (မ ၂၈:၁၉-၂၀။ မ ၅:၁၆)။
နောက်တစ်ပတ် (၇.၇.၂၀၁၈ စနေနေ့)အတွက် သင်ကြားမည့်ဆရာနှင့်ခေါင်းစဉ်မှာ
Rev. Dr. မရစ်လရစ် – “ ဓမ္မဟောင်းကျမ်းမှ နိုင်ငံတည်ဆောက်ကြသူများ” ဖြစ်ပါသည်။
လာရောက်ပါဝင်တက်ရောက်ဖို့ရန် ဖိတ်ခေါ်ပါသည်။ နေ့လည်စာဖြင့်ဧည့်ခံပါသည်။

  

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်