မုတ်သုံသမ္မာကျမ်းစာသင်တန်း
ဇူလိုင် 2, 2018
Bio Sand Filter Project Staff Skill
ဇူလိုင် 5, 2018

နှစ်ခြင်းအသင်းချုပ်၊ ဓမ္မအမှုတော်ဆောင်များဌာနက ဦးဆောင်၍ “ သင်းအုပ်ဆိုင်ရာသင်တန်း (Pastoral Training)” ကို ၂၀၁၈-ခုနှစ်၊ ဇူလိုင်လ (၃-၂၇)ရက်အထိ အသင်းချုပ် HOLTI တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ တက်ရောက်သူဦးရေ စုစုပေါင်း( ၂၆) ဦးရှိပြီး၊
ကရင်အဖွဲ့ချုပ်၊ ပိုးကရင်အဖွဲ့ချုပ်၊ ကချင်အဖွဲ့ချုပ်၊ လီဆူအဖွဲ့ချုပ်၊ အာခါအဖွဲ့ချုပ်၊ ချင်းအဖွဲ့ချုပ်၊ ဝအဖွဲ့ချုပ်၊ လားဟူအဖွဲ့ချုပ်၊ ရွှေလီရှမ်းအဖွဲ့ချုပ်၊ MBCU တို့မှ ဓမ္မအမှုတော်ဆောင်များ ဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် သင်ကြားပို့ချမည့်ဘာသာရပ်များနှင့်ဆရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ အလုပ်အစည်းအဝေးအုပ်ချုပ်ပုံနှင့်နည်းစနစ်များ- Rev. ဦးသာဒင်
၂။ သင်းအုပ်အမှုတော်ဆောင်များဝိညာဉ်ရေးရင့်ကျက်မှု- Rev.Dr.ဇော်ဝင်း
၃။ တရားဒေသနာဟောကြားခြင်းနှင့်တရားဟောချက်ပြင်ဆင်ခြင်း
– Rev. Dr. Van Bik
၄။ ခရစ်ယာန်ဓမ္မအမှုတော်ဆောင်သင်းအုပ်ဆရာ၏အခန်းကဏ္ဍ
– Rev. Dr. Daw Khin Swe Oo
၅။ အသင်းတော်စီမံခန့်ခွဲခြင်းနှင့်အုပ်ချုပ်စီမံခြင်း
– Rev. Dr. Smith Nguth Za Thawng

အချိန်ပိုင်းဆရာများနှင့်ဘာသာရပ်များ
၁။ Rev. မန်းစံသိန်းထွန်း ဓမ္မအမှုတော်ဆောင်နှင့်ဘဏ္ဍာပစ္စည်းဆိုင်ရာစီမံခန့်ခွဲမှု
၂။ Rev. ဦးတင်မောင်ရွှေ
၂၁ ရာစု နှစ်ခြင်းသင်းအုပ်များ၏အခန်းကဏ္ဍ
၃။ Rev. Dr. စောအယ်သော
ဝိညာဉ်တော်ဦးဆောင်သောခေါင်းဆောင်မှု
၄။ Rev. Dr. တင်ထွန်းဝင်း – Integral Mission

  

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်