Bio Sand Filter Project Staff Skill
ဇူလိုင် 5, 2018
ယုဒသန်နှင့် ပါရမီဖြည့်ဖက်များ ဂုဏ်ပြုသီချင်း ပြိုင်ပွဲ – ၂၀၁၈
ဇူလိုင် 16, 2018

နှစ်ခြင်းအသင်းချုပ်၊ ယုဒသန်နေ့ကျင်းပရေးကော်မတီမှ ဦးဆောင်၍ ယုဒသန်နေ့ရက်သတ္တပတ် ဝတ်ပြုကိုးကွယ်ခြင်းကို ၂၀၁၈ခုနှစ်၊ ဇူလိုင်လ (၂-၆)ရက်နေ့အထိ ပြုလုပ်ရာ ပထမနေ့တွင် MBCU ၊ ဒုတိယနေ့တွင် ဧ/သဌာန၊ တတိယနေ့တွင် အရှိုချင်းနှစ်ခြင်းအဖွဲ့ချုပ်၊ စတုတ္ထနေ့တွင် ပိုးကရင်နှစ်ခြင်းအဖွဲ့ချုပ်၊ ပဉ္စမနေ့တွင် ကရင်နှစ်ခြင်းအဖွဲ့ချုပ်တို့မှ အသီသီးဦးဆောင်သွားပါသည်။ ထို့ပြင် သံကွင်းဆက် ဆုတောင်းခြင်းအစီအစဉ်ကိုလည်း ဇူလိုင်လ (၂-၈)ရက်များတွင် ပြုလုပ်ပြီး၊ လူ/ဒေအဖွဲ့ချုပ်များ အသီးသီးတွင် ဆုတောင်းကြသည်သာမက နှစ်ခြင်းအသင်းချုပ် ဝန်ထမ်းများက ဇူလိုင်လ(၂-၆)ရက်အထိလည်းကောင်း၊ အသင်းချုပ်ဝင်းနေ ဝန်ထမ်းမိသားစုများက (၇-၈)ရက်များ တွင်လည်းကောင်း ပါဝင်ဆုတောင်းရန် အသင်းချုပ်အစည်းအဝေးခန်း(၂)တွင် ပြင်ဆင်ထားပါသည်။
နယ်မြို့ ၁၉ မြို့တွင် ကျင်းပမည့် သီချင်းပြိုင်ပွဲများအတွက် ဒိုင်လူကြီးများနှင့် အထူးဟောပြောခြင်းများအတွက် သွားရောက်ကြမည့် အမှုတော်ဆောင်များအတွက် ဆက်ကပ်ဆုတောင်းခြင်းကိုလည်း ဇူလိုင်လ(၂)ရက် တနင်္လာနေ့ မွန်းလွဲ(၁း၀၀)နာရီအချိန် ကူရှင်ခန်းမတွင် ပြုလုပ်ရာ အသင်းချုပ်တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ဘဏ္ဍာထိန်းနှင့် ဧ/သဌာနတာဝန်ခံ Rev. စောဝင်းဖေဇင်တို့က ဦးဆောင်ခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်