ခရစ်ယာန်တေးဂီတပညာရှင်များ မိတ်သဟာယ၏ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်
ဇူလိုင် 18, 2018
အမျိုးသားနှင့်စီးပွားရေးသင်တန်း
ဩဂုတ် 8, 2018

နှစ်ခြင်းအသင်းချုပ်၊ လူငယ်ဌာနမှ ဦးဆောင်၍ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (18-20)ရက်အထိ တောင်ငူမြို့တွင် လာမည့် ၂၀၁၉-၂၀၂၀ ခုနှစ် အတွက် မူးယစ်ဆေးဝါးတားဆီကာကွယ်ရေး Plan ရေးဆွဲသော မူးယစ်ဆေးဝါးအလွဲသုံးမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ (Workshop on Drug Abuse Prevention) ကို အောင်မြင်စွာ ကျင်းပ ပြီးစီးပြီဖြစ်ပါသည်။ တင်ပြခြင်းများအဖြစ် ဆရာခွန်ဂျော်လီမှ မူးယစ်ဆေးဝါးနှင့် ဆက်စပ်နေသော ပဋိပက္ခပြဿနာများ၊ ဆရာအင်ခွန်တန်ဂွန်းမှ မူးယစ်ဆေးဝါး အလွဲသုံးမှု ကြိုတင် ကာကွယ်ရေး နည်းလမ်းများ၊ စိတ်ကျန်းမာရေးဆေးရုံမှ ဒေါက်တာအောင်မျိုးသက်က မူးယစ်ဆေးဝါးအမျိုးအစားများ၊ ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ နောက်ခံ အဓိကအကြောင်းရင်းများကို တင်ပြခဲ့ပြီး၊ မူးယစ်ဆေးဝါးဆိုင်ရာ ပညာပေးခြင်း၊ သမ္မာကျမ်းစာအားဖြင့် ကာကွယ်ခြင်း! လူငယ်များ ဘဝကို တန်ဖိုးထား ရှင်သန်ရပ်တည်ရန် အစီအစဉ်များ ရေးဆွဲလမ်းညွှန်မှုပြုခြင်း! မိဘများကို မိဘပြုုခြင်းဆိုင်ရာ အမြင်ဖွင်ခြင်း! မူးစ်ပညာပေး I.E.Cများ ပြုစုထုတ်ဝေခြင်း စသည့် များစွာသော အစီအစဉ်များကို ဆက်လက် လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။ ကချင်၊ လီဆူ၊ လားဟူ၊ မွန်၊ ဝ၊ MBCU ၊ ရှမ်း/မြောက်၊ အရှေ့ရှမ်း၊ တီးတိန်၊ နာဂ၊ ကရင်၊ ပိုးကရင်နှင့် ရွှေလီရှမ်းစသည့် အဖွဲ့ချုပ်(၁၃)ပါးမှ လူငယ်များ (၃၆)ဦးနှင့် လေ့လာသူများအပါအဝင် စုစုပေါင်း(၄၀)ဦး တက်ရောက်ပါဝင်ခဲ့ကြပါသည်။

     

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်