“ အခြေခံမွေးမြူရေးသင်တန်း”
ဩဂုတ် 9, 2018
ယဥၤကျေးမှုခြားသာသနာပြုသင်တန်း အမှတ်စဉ် (၂)
ဩဂုတ် 9, 2018

၂၀၁၈-ခုနှစ်၊ ဇူလိုင်လ (၂၉-၃၀)ရက်များတွင်  မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၏ တွဲဖက် အထွေထွေအတွင်းရေးမှူးနှင့် အသင်းချုပ် ခရစ်ယာန်လူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာန တာဝန်ခံတို့သည် ရေဘေးကိစ္စ အတွက် ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ ညောင်လေးပင်သာသနာနယ်၊ အသင်းတော်(၁၂) ပါးထံသို့ သွားရောက်ပြီး သာသနာနယ်၏ ခေါင်းဆောင်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများ အား တွေ့ဆုံအားပေးခြင်း၊ ရေဘေး သင့်ကျေးရွာများသို့ သွားရောက် ကွင်းဆင်းလေ့လာခြင်းနှင့် ဆန်(၂၃) အိတ်၊ ရေသန့် (၁လီတာ) ကဒ် (၃၃၀) ကို မေတ္တာပြ သွားရောက် ပေးလှူခဲ့ပါသည်။
ဆက်လက်၍ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ ကျောက်ကြီးသာသနာနယ်၊သာသနာနယ်၏ ခေါင်းဆောင်များနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများအား တွေ့ဆုံအားပေးခြင်း၊ ရေဘေးသင့်ကျေးရွာများသို့ သွားရောက်ကွင်းဆင်းလေ့လာခြင်းနှင့် ကျေးရွာ အသင်းတော် (၄၈)ပါးအတွက်လည်း မေတ္တာပြအလှူငွေ ကျပ် (၁၀) သိန်းကို ပေးအပ်ခဲ့ပါသည်။
ထို့ပြင် မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းတော်များ အဖွဲ့ချုပ်၊ ပဲခူး သာသနာနယ်ရှိသာသနာနယ်၏ ခေါင်းဆောင်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများအား တွေ့ဆုံအားပေးခြင်း၊ ရေဘေးသင့်ကျေးရွာများသို့ သွားရောက် ကွင်းဆင်း လေ့လာခြင်းနှင့် ရေဘေးသင့် အသင်းသားများအတွက် ဆန်(၁၅) အိတ်ကို မေတ္တာပြ သွားရောက်ပေးလှူခဲ့ပါသည်။

၂၀၁၈-ခုနှစ်၊ သြဂုတ်လ (၄)ရက်တွင်လည်း အသင်းချုပ် ခရစ်ယာန်လူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာန တာဝန်ခံမှ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ၊ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဖားအံမော်လမြိုင် သာသနာနယ်ရှိ သာသနာ့ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို တွေ့ဆုံဆွေးနွေးခြင်းနှင့် လက်တလော ရေဘေး ဒုက္ခကြုံတွေ့ နေရသော မိသားစုများအား နှစ်ခြင်းအသင်းချုပ်ကိုယ်စား မေတ္တာပြအလှူငွေ ကျပ် ၁၀ သိန်းနှင့် ပိုးကရင်အဖွဲ့ချုပ် အရှေ့ပိုးသာသနယ်ရှိ သာသနာ့ခေါင်းဆောင်များနှင့်တွေ့ဆုံခြင်း၊ ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လေ့လာခြင်းနှင့် လက်တလော ရေဘေး ဒုက္ခကြုံတွေ့နေရသော မိသားစုများအား နှစ်ခြင်းအသင်းချုပ်ကိုယ်စား မေတ္တာပြ အလှူငွေ ကျပ် ၁၀သိန်းကို သွားရောက် ပေးအပ်ခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်