ဓမ္မသံစုံသီချင်းပြိုင်ပွဲ
စက်တင်ဘာ 25, 2018
နှစ်ခြင်းလူငယ်နိုးကြားရေးခရီးစဉ်
အောက်တိုဘာ 8, 2018

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁-၄)ရက်တွင် ငြိမ်းချမ်းသောကမ္ဘာအတွက် ဓမ္မအမှုတော်ဆောင်များ အဓိကအချက်ဖြင့် အလုံရှိ Franc Auditorium တွင် ကျင်းပ ပြုလုပ်မည်ဖြစ်သော ပဉ္စမအကြိမ်မြောက် ဓမ္မအမှုတော်ဆောင်များညီလာခံကို အနယ်နယ်အရပ်ရပ်ရှိ
လူ/ဒေအဖွဲ့ချုပ်များရှိ ဓမ္မအမှုတော်ဆောင်ပေါင်း (၁၅၀၀)ဦး တက်ရောက်ပါဝင်မည်ဖြစ်ပါသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁)ရက် တနင်္လာနေ့ မွန်းလွဲ (၂း၀၀-၄း၀၀)နာရီတွင် ဖွင့်ပွဲအစီအစဉ်ကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၄)ရက် မွန်းလွဲ (၃း၀၀-၄း၃၀)နာရီအထိ ပိတ်ပွဲအစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ နေ့စဉ်နံနက် (ရး၀၀)နာရီတွင် သမ္မာကျမ်းစာသင်ကြားခြင်း၊ နံနက်(၁၀း၀၀-၁၁း၃၀)နာရီတွင် စာတမ်းတင်ပြခြင်း၊ နံနက်(၁၁း၃၀-၁၂း၀၀)နာရီတွင် တုံ့ပြန်ခြင်း၊ မွန်းလွဲ(၁း၀၀-၁း၃၀)နာရီတွင် ဂုဏ်တော်ချီးမွမ်းခြင်း၊ မွန်းလွဲ(၁း၃၀-၄း၀၀)နာရီတွင် စာတမ်းအပေါ်တုံ့ပြန်ဆွေးနွေးခြင်း၊ ည(၆း၀၀-၈း၀၀)နာရီတွင် အထူးဟောပြောခြင်း/စာတမ်းတင်ပြခြင်း၊ ည(၈း၀၀-၈း၃၀)နာရီတွင် စာတမ်းအပေါ်တုံ့ပြန်ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါသည်။
ညီလာခံ၏ရည်ရွယ်ချက်မှာ
၁) ပြောင်းလဲသောခေတ်နှင့်အညီ သစ်လွင်သောဓမ္မအမှုတော်ဆောင်များ ဖြစ်ကြရန်၊
၂) နိုင်ငံတော်တည်ဆောက်ခြင်းတွင် ခရစ်တော်၏ငြိမ်းချမ်းရေးလမ်းစဉ်ဖြင့် နှစ်ခြင်းအသင်းတော်များ ပါဝင်နိုင်ရန်။
၃) ခရစ်ယာန်ဓမ္မအမှုတော်ဆောင်များ တစ်လုံးတစ်ဝတ်ညးဖြစ်ရေးနှင့် စည်းလုံးညီညွတ်မှုကို ဖော်ထုတ်ရန်။
၄) မျက်မှောက်ခေတ်အခြေအနေပေါ် အခြေခံ၍ ရှင်သန်နိုးကြားသောနှစ်ခြင်းအသင်းတော်များဖြစ်ရန်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်