အောင်မြင်စွာကျင်းပပြီးစီးခြင်း
အောက်တိုဘာ 8, 2018
မြေယာဥပဒေသင်တန်း
အောက်တိုဘာ 16, 2018

နှစ်ခြင်းအသင်းချုပ်၊ ခေါင်းဆောင်မြှင့်တင်ရေးဌာနမှဦးဆောင်၍ Advanced leadership learning workshop and training with American Baptist International Ministries ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်မှ (၁၆)ရက်နေ့အထိ ကူရှင်ခန်းမတွင် ပြုလုပ်မည်ဖြစ်ပါသည်။ ဖွင့်ပွဲအစီအစဉ်ကို ၂၀၁၈-ခုနှစ်၊ အောက်တိုဘာလ (၉)ရက်၊ နံနက်(၈း၀၀)နာရီတွင် ပြုလုပ်ရာ သဘာပတိအဖြစ် မှီငြမ်းစာကြည့်တိုက်မှူး ဆရာဦးအောင်သန်းဦး၊ ဖွင့်ပွဲ အမှာစကားပြောကြားခြင်းနှင့် ကြိုဆိုနှုတ်ခွန်းဆက်ခြင်းကို အသင်းချုပ် အထွေထွေ အတွင်းရေးမှူး Rev. Dr. ထန်ကျင့်လျန်း၊ သင်တန်းနှင့်ပတ်သက်သောအမှာစကားပြောကြားခြင်းကို ဌာနသဘာပတိ ဒေါက်တာ နော်လေးထူး၊ အပိတ်ကောင်းကြီးပေးခြင်းကို အသင်းချုပ် ဧ/သဌာန တာဝန်ခံ Rev. စောဝင်းဖေဇင်တို့က ဦးဆောင်ခဲ့ပါသည်။ သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များနှင့် ဆရာများမှာ
9.10.2018, Tuesday
(8:00)am Rev. KD Tu Lum Spiritual Leadership
(10:00-12:00/1:00-3:30) Saya Saw Kapi Stewardship Leadership
(6:30-8:00)pm Rev. Saw Win Pe Zin 21 Century Mission
10.10.2018, Wednesday
(8:00-10:00)am Rev. Dr. Simon Pau Khan En Civic Education
(10:00-12:00/1:00-3:30) Saya Billy Kan Myat Good Citizenship Overcome Violence
11-12.10.2018 To Nay Pyi Daw
Sayama Susana Soe Present Situations of Politic in Myanmar
13.10.2018, Saturday
(8:00-12:00) Dr. Saw Hlaing Bwa Christian Present in Public Space
(1:00-3:30)pm Dr. Saw Hlaing Bwa, Dr. Mg Mg Soe, Dr. Naw Lay Htoo
14.10.2018, Sunday Worship
15-16.10.2018, Monday Resource persons From American Baptist International Ministries
Rev. Dr. Reid Trulson Being a good Baptist and Christian Citizen in a Democracy
Rev. Jim Bell A good Christian Treasurer and having good stewardship
Lisa Simmons Leadership and mentoring
Marlene Leadership and women in ministry
Rev. Kyle Witmer
Rev. Leslie Turley

2018 ခုနှစ် အောက်တိုဘာလ (၁၁)ရက်တွင် နေပြည်တော်သို့ ထွက်ခွာ၍ လွှတ်တော်တွင် ေ့လ့လာရေးသွားရောက်ပြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့် အဖွဲ့အား တွေ့ဆုံ ညစာစားပွဲကို ၁၁.၁၀.၂၀၁၈ ရက်နေ့၊ ညနေ (၄) နာရီအချိန်တွင် နေပြည်တော်မြို့၊ မြတ်တော်ဝင်ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံညစာစားပွဲတွင် ဆရာမဒေါ်ချိုချိုမြိုင်မှ သဘာပတိအဖြစ် ဦးဆောင်ခဲ့ပြီး၊ Rev.Dr. ရောဘတ်ပွန်း (တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်) မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆရာမ ဂျီလှံသီတာမိုးမှ တက်ရောက်ရောက်လာသော လူမျိုးစုနှင့်ဒေသန္တရအဖွဲ့ (၁၈) ဖွဲ့ ၊ အသင်းတော် (၂) ပါး နှင့် နှစ်ခြင်းအသင်းချုပ်မှ တက်ရောက်လာသူများကို မိတ်ဆက်ပေးပါသည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးသူရဦးအောင်ကိုမှ တက်ရောက်လာသူများအား အားပေးနှုတ်ဆက် စကားကို ရင်းနှီးချစ်ခင်စွာ ပြောကြားခဲ့ပါသည်။ ဒေါက်တာနော်လေးထူးမှ ဝန်ကြီးအား နှစ်ခြင်းအသင်းချုပ်မှ ဂါရဝပြုခြင်းကို ဦးဆောင်ပေးပြီး၊ သိက္ခာတော်ရဆရာ စောအေးဝီမှ နိုင်ငံတော်အတွက် အထူးဆုတောင်းပေးခြင်းကို ဦးဆောင်ခဲ့ပါသည်။ မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ် ကိုယ်စား ကျေးဇူးတင်စကားကို သိက္ခာတော်ရဆရာဦးလုံနိုးမှ ပြောကြားခဲ့ပြီး သိက္ခာတော်ရဆရာ ဦးဘဦး ကောင်းကြီးပေးခြင်းအားဖြင့် ဝတ်ပြုကိုးကွယ်ခြင်းကို အဆုံးသတ်ခဲ့ပါသည်။ ထို့နောက် မှတ်တမ်းတင်ဓါတ်ပုံကို အတူတကွ ရိုက်ကူးကြပြီး ချစ်ခင်ရင်းနှီးစွာ မိတ်သဟာယ ညစာကို သုံးဆောင်ခဲ့ကြပါသည်။
၁၂.၁၀.၂၀၁၈ နေ့တွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာလာပြီး ၁၃ ရက်နေ့တွင် အသင်းချုပ် ကူရှင်ခန်းမတွင် သင်တန်းကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်