၁၇၈ ကြိမ်မြောက် နှစ်ခြင်းအသင်းချုပ် အလုပ်အမှုဆောင်အစည်းအဝေး
နိုဝင်ဘာ 9, 2018
CCMP – TOT Training
နိုဝင်ဘာ 13, 2018

၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်၊ စနေနေ့ နံနက်(၁၀း၀၀)နာရီအချိန် နှစ်ခြင်းအသင်းချုပ် ကူရှင်ခန်းမတွင် “ ကမ္ဘာ့ နှစ်ခြင်းအမျိုးသမီးများ ဆုတောင်းရာနေ့” အစီအစဉ်ကို အသင်းချုပ် အမျိုးသမီးဌာနမှ ဦးဆောင်၍ ပြုလုပ်ခဲ့ရာ ဝိုင်စီစီ၊ အရှိုချင်းနှစ်ခြင်းအဖွဲ့ချုပ်၊ MBCU၊ လားဟူနှစ်ခြင်း အဖွဲ့ချုပ်၊ ရန်ကုန်ကရင်နှစ်ခြင်းအနီးသာသနာနယ်အဖွဲ့၊ ချင်းနှစ်ခြင်း အသင်းတော်၊ ယုဒသန်အသင်းတော်၊ ဧမာနွေလအသင်းတော်၊ သုဝဏ္ဏ ရန်ကုန်သစ်နှစ်ခြင်း အသင်းတော်၊ ဘရေတန်ပိုးကရင် နှစ်ခြင်းအသင်းတော်၊ ရန်ကုန်ကချင်နှစ်ခြင်းအသင်းတော်၊ ဦးနောအသင်းတော်၊ ဇီးအုံကုန်းကရင်နှစ်ခြင်းအသင်းတော်၊ တီးတိန် နှစ်ခြင်း အသင်းတော်၊ ရန်ကုန် ရခိုင်ပြည်နယ်နှစ်ခြင်းမိတ်သဟာယအသင်းတော်၊ မြန်မာနိုင်ငံ အမျိုးသမီးများ သေရည်သေရက် ရှောင်ကြဉ်ရေးအသင်း (WCTU)၊ UHC, MCC EWW, ရန်ကုန်ဝနှစ်ခြင်းအသင်းတော်၊ အသင်းချုပ် ဌာန ဝန်ထမ်း များနှင့် အသင်းချုပ် အမျိုးသမီးဌာန ကော်မတီဝင်များ၊ အကြံပေးများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက် ပါဝင်ခဲ့ ကြပါသည်။ အစီအစဉ်တွင် သဘာပတိအဖြစ် ဌာနတာဝန်ခံ ဆရာမနန့်ဘက်ဒီထူး၊ မိတ်ဆက်ခြင်းကို တွဲဖက် ဌာန တာဝန်ခံ ဆရာမ နော်ဖောဝါး၊ တိုက်တွန်းနှိုးဆော်ခြင်းကို အာရှ နှစ်ခြင်း အမျိုးသမီးများအဖွဲ့ ဥက္ကဌ ဒေါက်တာ ဗာနက်တီ မြင့်မြင့်စန်း၊ ကောင်းကြီးပေးခြင်းကို ဌာန ကော်မတီဝင် Rev. Dr. ဒေါ်ခင်ဆွေဦး၊ အနောက်တောင် ပစိဖိတ် နှစ်ခြင်း အမျိုးသမီးအဖွဲ့အတွက် ဆုတောင်းခြင်းကို အသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ အမျိုးသမီး တိုးချဲ့ ကော်မတီဝင် ဆရာမ ဇခုန်ဂျာအိန်၊ ကာရစ်ဘီယန်နှစ်ခြင်း အမျိုးသမီးများ အဖွဲ့ အတွက် ဆုတောင်းခြင်း ကို အရှိုချင်းအဖွဲ့ချုပ် အမျိုးသမီးဌာန တာဝန်ခံ ဆရာမ မိုင်သက်သက်ဝေ၊ အာဖရိ နှစ်ခြင်း အမျိုးသမီးအဖွဲ့အတွက် ဆုတောင်းခြင်းကို ကရင်နှစ်ခြင်းအဖွဲ့ချုပ် တွဲဘက် ဌာန တာဝန်ခံ ဒေါက်တာ နော်စေးနေဖော၊ အာရှတိုက် နှစ်ခြင်းအမျိုးသမီးအဖွဲ့အတွက် ဆုတောင်းခြင်းကို MBCU အမျိုးသမီး အတွင်းရေးမှူး ဆရာမ ဒေါ်မာလာသိန်း၊ မြောက်အမေရိကတိုက် နှစ်ခြင်းအမျိုးသမီး မိတ်သဟာယအဖွဲ့အတွက် ဆုတောင်းခြင်းကို MCC EWW အမှုဆောင် အတွင်းရေးမှူး ဆရာမ ဒေါ်ဇိုးမင်းသန်း ၊ လက်တင်အမေရိက နှစ်ခြင်းအမျိုးသမီး မိတ်သဟာယအဖွဲ့အတွက် ဆုတောင်းခြင်းကို ဌာန ကြီးကြပ်ရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းအောင် ၊ ဥရောပနှစ်ခြင်းအမျိုးသမီးများအဖွဲ့အတွက် ဆုတောင်းခြင်းကို ဝိုင်စီစီ တွဲဖက် အတွင်းရေးမျူး ဆရာမ ဒေါ်မြင့်သက်အေး တို့က ဦးဆောင်ပါသည်။ အကတင်ဆက်ခြင်းကို ဘရေတန် ပိုးကရင်နှစ်ခြင်းအသင်းတော်၊ တေးသရုပ်ဖော် တင်ဆက်ခြင်းကို ရန်ကုန်ရခိုင်ပြည်နယ်နှစ်ခြင်းအသင်းတော်၊ ရိုးရာအက တင်ဆက်ခြင်းကို ဝိုင်စီစီ အမျိုးသမီးများ၊ ဂုဏ်တော်ချီးမွမ်းခြင်းကို ရန်ကုန်ကချင်နှစ်ခြင်းအသင်းတော်၊ ချင်းနှစ်ခြင်းအသင်းတော်၊ YCTU တို့မှလည်းကောင်း ပါဝင် တင်ဆက် ကြပါသည်။ အစီအစဉ်အပြီးတွင် အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြပြီး၊ ပြင်ဆင်ထားသော အစားအသောက်များကို အတူတကွ မိတ်သဟာယဖွဲ့ စားသောက်ကြပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်