CCMP – TOT Training
နိုဝင်ဘာ 13, 2018
”ဓါတ်ပုံမီဒီယာ အသုံးချသင်တန်း”
ဒီဇင်ဘာ 5, 2018

နှစ်ခြင်း အသင်းချုပ် လူငယ်ဌာနမှဦးဆောင်၍  နှစ်ခြင်းလူငယ်များ စုပေါင်းဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက် တနင်္ဂနွေနေ့ မွန်းလွဲ(၃း၀၀)နာရီအချိန် နှစ်ခြင်းအသင်းချုပ် ကူရှင်ခန်းမတွင် ပြုလုပ်ခဲ့ရာ အသင်းတော်များမှ လူငယ်များ ၂၅၀ဦးကျော် တက်ရောက်ပါဝင်ခဲ့ကြပါသည်။ ဌာနတာဝန်ခံ ဆရာ ဝင်းထွဋ်သာကြည်၊ တွဲဖက်တာဝန်ခံ ဆရာစောဂျဒ်စန်ညို၊ သဘာပတိ သိက္ခာတော်ရဆရာ စောအောင်သူရနှင့်အတူ ဆရာ စိုင်းထွန်းထွန်းဦး၊ ဆရာဆလိုင်းနေလင်းထွန်း၊ ဆရာ ဆလိုင်း ချစ်သူမောင်တို့ ဦးဆောင်ခဲ့ကြပြီး လူငယ်များ ပျော်ရွှင်ကြည်နူးစွာ ဘုရားရှင်ထံတော်ပါး တိုးဝင်ချဉ်းကပ်ခဲ့ကြပါသည်။ အစီအစဉ်တွင် ခရစ်စမတ်ကို ကြိုဆိုလျက် Carol သီချင်းများ အတူတကွ သီဆိုချီးမွမ်းခြင်း၊ ခရစ်စမတ် ဓမ္မသီချင်းများ၏ နောက်ခံ သမိုင်းကြောင်းကို အခြေခံသော နှုတ်ကပတ်တော် နာယူခြင်း၊ အတူတူ မိတ်သဟာယဖွဲ့ခြင်း၊ Game ကစားခြင်း၊ ခရစ်စမတ် တယောသံစဉ်များ နားထောင် ခွန်အားယူခြင်း၊ အတူတကွ ဆုတောင်းခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ အစီအစဉ်အပြီးတွင် ဘရေတန်ပိုးကရင် နှစ်ခြင်းအသင်းတော်မှ တာဝန်ယူဧည့်ခံကျွေးမွေးသော ကြက်သားဆန်ပြုတ်ကို အတူတကွ အားရပါးရ မြိန်ယှက်စွာ သုံးဆောင်ခဲ့ကြပါသည်။

     

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်