Designing Workshop
ဇန်နဝါရီ 30, 2019
“ နွေဥတု သင်ခနိးစာ လက်တွေ့သင်ကြားခြင်း”
ဖေ‌ဖော်ဝါရီ 15, 2019

နှစ်ခြင်းအသင်းချုပ် သီသြလော်ဂျီပညာဌာနမှ ဦးဆောင်၍ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ရန်ကုန်မြို့ပေါ်ရှိ နှစ်ခြင်းကျမ်းစာကျောင်းများမှ ကျောင်းလွန်မည့်ကျောင်းသူကျောင်းသားများနှင့် နှစ်ခြင်းအသင်းချုပ် မိတ်ဆက်ခြင်းအစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက် သောကြာနေ့ နံနက်(ရး၀၀-၁၂း၃၀)နာရီအထိ နှစ်ခြင်းအသင်းချုပ် ကူရှင်ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။
နံနက်(ရး၀၀-၈း၀၀)နာရီအထိ နံနက်အဆာပြေသုံးဆောင်ရန်ဖြစ်ပြီး၊ နံက်(၈း၀၀-၈း၁၅)နာရီတွင် သီသြလော်ဂျီပညာဌာန သဘာပတိ Rev. Dr. ဆမိုထွန်းလင်းဦးနှင့် အသင်းချုပ် စာပေနှင့်ပုံနှိပ်ထုတ်ဝေရေးဌာန တာဝန်ခံ ဆရာ စောမဟူရာဝါးတို့ ဦးဆောင်၍ ချီးမွမ်း သီချင်းသီဆိုခြင်းဖြင့် အစီအစဉ်ကို စတင်ခဲ့ပါသည်။ နံနက်(၈း၁၅-၈း၃၀)နာရီတွင် နှစ်ခြင်းအသင်းချုပ် ဘဏ္ဍာထိန်း ဆရာမ နန်းသူဇာမွန် အဖွင့်ဆုတောင်းလျက် ဖွင့်ပွဲအစီအစဉ်ပြုလုပ်ရာ ကြိုဆိုနှုတ်ခွန်းဆက်ခြင်းကို အသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး Rev. Dr. ရောဘတ်ပွန်း နှင့် သီသြလော်ဂျီပညာဌာန တာဝန်ခံ Rev. Dr. စောစိုင်းရပ်စ်စိန်တို့က ပြောကြားပါသည်။ ဆက်လက်၍ အသင်းချုပ် ခရစ်ယာန်ဆက်သွယ်ရေးဌာန သဘာပတိ Rev. စောမြမင်းလွင်က နှစ်ခြင်း အသင်းချုပ်အကြောင်း (What is MBC?) ဝေငှပါသည်။ ထို့နောက် အသင်းချုပ် ဌာနများသို့ သွားရောက် လေ့လာကြပြီး၊ ဌာနအလိုက် အဖွဲ့များ ခွဲလျက် ဌာနများအကြောင်း သိရှိလိုသည်များကို ဆွေးနွေး မေးမြန်းကြပါသည်။ နံက် (၁၁း၃၀-၁၂း၁၅)နာရီအထိ ပြန်လည် သုံးသပ်ခြင်း အစီအစဉ်ကို Rev. ဦးမင်းအောင်ထွန်း(MICT) က ဦးဆောင်ခဲ့ပြီး Rev. Dr. လန်ကျင့်ထန် ကောင်းကြီးပေးခြင်းအားဖြင့် အစီအစဉ်ကို အဆုံးသတ်ပါသည်။ ၎င်းနောက် (၁၂း၃၀)နာရီတွင် ဆရာဝင်းထွဋ်နိုင် က အစားအသောက်အတွက် ကျေးဇူးတော် ချီးမွမ်းလျက် နေ့လည်စာ အတူတကွစားသုံးခြင်းဖြင့် အစီအစဉ်ကို ရုပ်သိမ်းခဲ့ပါသည်။

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်